ယူနန်ပြည်နယ်ချမ်းငြိမ်ခရိုင်တွင် ဆီထွက်သီးနှံများရိတ်သိမ်းရန် အလုပ်များလျက်ရှိ

2021-05-07 14:03:02 |သတင်းအရင်းအမြစ် 新华网

မေလတွင် ချမ်းငြိမ်ခရိုင်၌ ဆီထွက်သီးနှံများ ရင့်မှည့်နေရာ တောင်သူများသည် ရိတ်သိမ်းရန် အလုပ်များ လျက်ရှိသည်။ ရွှေဝါရောင်ဆီထွက်သီးနှံများကြောင့် လယ်ယာမြေသည် ပိုမိုလှပနေသည်။

ချမ်းငြိမ်ခရိုင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းမြို့လက်အောက်ရှိ ခရိုင်တစ်ခုဖြစ်ပြီး လယ်ယာ စိုက်ပျိုးရေးသည် ချမ်းငြိမ်ခရိုင်အတွက် အဓိက စီးပွားရေးလုပ်ငန်း ဖြစ်ပါသည်။ နွေဦးရာသီ ဆီထွက် သီးနှံများ စိုက်ပျိုးခြင်းသည် ၎င်းခရိုင်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အရေးကြီးသော အစိတ် အပိုင်းဖြစ်ပြီး အချက်အလက်များအရ ယခုနှစ်ပိုင်းတွင် ချမ်းငြိမ်ခရိုင်၌ နွေဦးရာသီ ဆီထွက်သီးနှံ အကျယ်အဝန်း ၄၂၈၃၁.၆၀ ဧက စိုက်ပျိုးထားပါသည်။ ၎င်းအနက် မုန်ညှင်းဆီပန်း ၆၅၀၇.၁၀ ဧက စိုက်ပျိုးပြီး မုန်ညှင်းဆီစေ့ တန်ချိန် ၄၈၀၀ ထွက်ရှိပါသည်။