တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ ၂၀၂၁ ခုနှစ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏ ရထားတွဲရေ (၅)သောင်းကျော်ရှိ

2021-05-08 11:49:33 |သတင်းအရင်းအမြစ် 新华网

လျှပ်စစ်ရေနွေးအိုး၊ Fiber optic modems၊ ကလေးစက်ဘီး စသည့် ကုန်ပစ္စည်း အတွဲ (၅၀) တင်ဆောင်ထားသည့် X8155 တရုတ်-ဥရောပ ရထား(ရှီးအန်း)သည် မေ ၆ ရက်က တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာဆိပ်ကမ်းမှ ထွက်ခွါခဲ့သည်။ ထိုပို့ဆောင်မှုသည် ၂၀၂၁ ခုနှစ် တရုတ်-ဥရောပ ရထား(ရှီးအန်း) ပို့ဆောင်မှု၏ ရထားတွဲရေ (၅)သောင်းကျော် ရှိစေခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ ၂၀၂၁ ခုနှစ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏသည် မေ ၆ ရက်အထိဆိုလျှင် စုစုပေါင်း ရထားအတွဲရေ (၅၀,၀၆၀) ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်ကာလတူများထက် (၁၉.၈)ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ နေ့စဉ်မောင်းနှင်သည့် ရထားအစီးရေသည် (၅)စီးမှ (၇)စီးအထိ ရှိရာ အဓိကသယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ယခုနှစ်မှစ၍ တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ သယ်ယူပို့ဆောင်မှုပမာဏများပြားမှုရှိခြင်း၊ အချိန်ထိရောက်မှုအားကောင်းခြင်း၊ အစိမ်းရောင်ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုရှိခြင်း စသည့် အားသာချက်များကြောင့် သွားလာသည့် ရထားအရေအတွက် အဆက်မပြတ်တိုးပွားလာခဲ့ကြောင်း China Railway Xi'an Group ကုမ္ပဏီ၏ တာဝန်ခံတစ်ဦးက ဆိုသည်။

ပြည်ပကုန်သွယ်ရေးလုပ်ငန်းများတိုးတက်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်တင်းနိုင်ရန်၊ အချိန်မှန်ကုန်တင်နိုင်ရန်နှင့် ပို့ဆောင်နိုင်ရန် ရှီးအန်း နိုင်ငံတကာဆိပ်ကမ်း၏ လုပ်ငန်းစဉ်များကို မပြတ်မွမ်းမံလျက်ရှိကြောင်း သိရသည်။ (Xinhua)