ယူနန်ပြည်နယ် ကျင်းဖျင်ခရိုင်တွင် လိပ်ပြာ သန်း ၁၅၀ ကျော် ရုတ်ခြည်း ပေါက်ပွားလာပြီး ယူနန်ကို လိပ်ပြာ လာကြည့်ရန် ဖိတ်ကြား

2021-05-08 12:05:52 |သတင်းအရင်းအမြစ် 云南网

ခန့်မှန်းချက်အရ၊ ယခုနှစ် ယူနန်ပြည်နယ်ကျင်းဖျင်ခရိုင်အတွင်းရှိ တရုတ်ဟုန်ဟော်လိပ်ပြာဥယျာဥ်တွင် လိပ်ပြာများသည် ရုတ်တရက်ပေါက်ပွားချိန်သည် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အတွင်းဖြစ်ပြီး စုစုပေါင်းပမာဏ သန်း ၁၅၀ ကျော်ရှိမည်ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော ၁၀ နှစ်ကြာအတွင်း အတိုင်းအတာအကြီးမားဆုံးသော လိပ်ပြာရုတ်ခြည်းပေါက်ပွားခြင်းမြင်ကွင်း ဖြစ်လိမ့်မည်။ ပရိသတ်များသည် ၎င်းမြင်ကွင်းကို ကြည့်ရှုနိုင်ရန် စောင့်မျှော်နေကြပြီး “လှပတဲ့ လိပ်ပြာမြင်ကွင်း ဖြစ်ပါတယ်”“ယူနန်သို့ သွားလည်ချင်ပါတယ်”ဟု မိမိ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေပါသည်။

လိပ်ပြာများ ရုတ်ခြည်းပေါက်ပွားခြင်းဆိုသည်မှာ နှစ်စဥ် မေလမှ ဇွန်လအကြား Stichophthalma Howqua ပိုးကောင်များသည် ရေတိုကာလတွင် လိပ်ပြာအဖြစ်သို့ ပြောင်းလဲပြီး တောတောင်သစ်ပင်များ၊ မြစ်ချောင်းများ၊ လမ်းများစသည့်နေရာ၌ အများအပြားစုစည်းကာ ပျံသန်းသည့်မြင်ကွင်းဖြစ်ပါသည်။ လိပ်ပြာများရုတ်ခြည်းပေါက်ပွားခြင်းမြင်ကွင်းသည် ကမ္ဘာတစ်ဝန်းတွင် နေရာနှစ်ခု၌သာ ကြုံတွေ့နိုင်ပြီး တစ်ခုသည် မက္ကစီကိုနိုင်ငံအတွင်း၌တည်ရှိကာ နောက်တစ်ခုကမူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဖျင်ခရိုင်အတွင်းရှိ တရုတ်ဟုန်ဟော်လိပ်ပြာဥယျာဥ်ပင်ဖြစ်သည်။


(往年蝴蝶大爆发景象,金平马鞍底蝴蝶谷 供图