အာဆီယံမှ ဒူးရင်းသီးများ တရုတ်ပြည်တွင် ရောင်းကောင်းနေ

2021-05-10 18:33:30 |သတင်းအရင်းအမြစ် 新华网

ဒူးရင်းသီး၊ ချယ်ရီသီး၊ နဂါးမောက်သီး၊ ထောပတ်သီး စသည့် နိုင်ငံခြားမှ သစ်သီးဝလံများကို တရုတ် ပြည်တွင်း စူးပါမားကတ်များတွင် ကျယ်ပြန့်စွာ တွေ့မြင်နိုင်ပါသည်။ ယခုနှစ်ပိုင်းတွင် ဒူးရင်းသီးသည် ချယ်ရီသီးကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ တင်သွင်းမှုပမာဏအများဆုံးသော သစ်သီးဖြစ်လာပါသည်။ ဥပမာအားဖြင့်ပြောရလျှင် ၂၀၂၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီး တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၁.၅ ဘီလီယံ ရောက်ရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၇၇.၅၇% တိုးများလာသည်။

တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် တည်ရှိသော ကွမ်ရှီးဒေသ ဖျင်ရှန်နယ်စပ်ဂိတ်သည် အာဆီယံနိုင်ငံများမှ တရုတ်သို့ သစ်သီးဝလံများ တင်သွင်းသည့် အကြီးမားဆုံး ကုန်းလမ်းနယ်စပ်ဂိတ် ဖြစ်ပါသည်။ ယခုရက်ပိုင်းတွင် ဖျင်ရှန်(မီးရထားလမ်း)နယ်စပ်ဂိတ်၏ အအေးခန်းသယ်ယူပို့ဆောင် ရေးသည် ပြန်လည်ဖွင့်လှစ်လိုက်ပြီး အချိန်နှင့်အမျှ ပိုမိုများပြားသည့် အရှေ့တောင်အာရှ တောင် အာရှနိုင်ငံများမှထွက်သည့် သစ်သီးများသည် ၎င်းနယ်စပ်ဂိတ်မှ တင်သွင်းနေကြသည်။ အချက် အလက်များအရ၊ ဧပြီလ ၂၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ၊ မီးရထားလမ်းမှတစ်ဆင့် တင်သွင်း လာသည့် ဒူးရင်းသီးတင်ကုန်သေတ္တာသည် ၁၈၆ ခု ရှိပြီး ဒူးရင်းသီး စုစုပေါင်းတန်ချိန် ၄၂၂၆ တန်ရှိပါ သည်။

သစ်သီးဝလံများ နိုင်ငံဖြတ်ကျော်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ဆောင်သူတစ်ဦး၏ မိတ်ဆက်ခြင်းအရ၊ စျေးနှုန်း၊ ရောင်းဝယ်အားနှင့် ပြည်ဝင်ပိုးသတ်ခြင်း စသည့်အကြောင်းရင်းကြောင့် ယခုနှစ်၏ ဒူးရင်း သီးသည် လွန်ခဲ့သောနှစ်များထက် စျေးနှုန်းအနည်းငယ်တက်လာသော်လည်း စားသုံးသူများသည် ဒူးရင်းသီးဝယ်ယူလိုစိတ်မှာ လျော့ကျမသွားခဲ့ကြောင်း သိရပါသည်။