ရှီကျင့်ဖျင်နှင့် မိခင်၏ ချိန်းဆိုချက်များ

2021-05-10 18:37:05 |သတင်းအရင်းအမြစ် CRI

ရှီကျင့်ဖျင်၏ မိခင် ချီရှင်းသည် ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲ အစအဦးကာလတွင် တော်လှန်ရေး တိုက်ပွဲထဲ ခြေစုံပစ်ဝင်ပြီး တရုတ် ကွန်မြူနစ်ပါတီတွင် ပါဝင်ခဲ့သည်။ မိခင်သည် ဝစီကံဖြင့်လည်းကောင်း၊ ကာယကံဖြင့်လည်းကောင်း သွန်သင်ပညာပေးခြင်းဖြင့် ရှီကျင့်ဖျင်အတွက် စံနမူနာကို စိုက်ထူခဲ့သည်။

ရှီကျင့်ဖျင်နှင့် မိခင် အကြား သဘောတူညီချက်နှင့် ချိန်းဆိုချက်များရှိသည်။ ပထမအချက်က ပါတီ၊ နိုင်ငံနှင့် ပြည်သူများ အပေါ် ခြွင်းချက်လုံးဝမရှိဘဲ ရိုးဖြောင့်ဖြူစင်လှသည့် စိတ်သဘောထားရှိခြင်း ဖြစ် သည်။ ဒုတိယ အချက်ကတော့ ဖြူစင်သန့်ရှင်းစွာ လူလုပ်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် အစိုးရ အရာရှိ တာဝန်ကို ပွင့်လင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ တတိယ အချက်က ပြည်သူ့ကို ထိပ်ဆုံးနေရာတွင် ထားရှိပြီး ကွန်မြူနစ်ပါတီဝင် တစ်ဦး အနေနှင့် ကိုယ်ကျိုးမဖက်ခြင်းနှင့် ပေးလှူခြင်း စိတ်ဓါတ်ကို စွဲကိုင်ထားခြင်း ဖြစ်သည်။