တရုတ်နိုင်ငံ၏လူဦးရေ (၁၄၁၁.၇၈)သန်းရောက်ရှိ

2021-05-12 13:50:52 |သတင်းအရင်းအမြစ် 新华网

မေလ (၁၁) ရက်နေ့တွင် ထုတ်ပြန်သည့် (၇)ကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလဒ်အရ တရုတ်နိုင်ငံ၏လူဦးရေသည် (၁၄၁၁.၇၈)သန်း ရောက်ရှိကြောင်းသိရသည်။ ၂၀၁၀ ခုနှစ် (၆) ကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာသန်းခေါင်စာရင်း အချက်အလက်နှင့် နှိုင်းယှဉ်ပါက လူဦးရေ(၇၂.၀၆) သန်းတိုးလာပြီး (၅.၃၈%) တိုးလာသည်။ နှစ်စဉ်ပျှမ်းမျှတိုးမြှင့်နှုန်းသည် (၀.၅၃%)ရှိပြီး (၂၀၀၀)ပြည့်နှစ်မှ (၂၀၁၀)ပြည့်နှစ်အတွင်း နှစ်စဉ်ပျှမ်းမျှတိုးမြှင့်နှုန်း (၀.၀၅၇%)ထက် (၀.၀၄)ရာခိုင်နှုန်းလျော့နည်းခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူမှုရလဒ်အရ ကျားမဖွဲ့စည်းပုံ ကောင်းမွန်လာခဲ့သည်။ စုစုပေါင်းလူဦးရေ၏ ကျားမ အချိုးအစားသည် (၁၀၅.၁)ဖြစ်သည်။ (၆)ကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာသန်းခေါင်စာရင်းမှာ (၁၀၅.၂) အချိုးအစားနှင့်တူညီသော်လည်း အနည်းငယ်လျော့နည်းသည်။

လူဦးရေအရည်အသွေးသည်လည်း အဆက်မပြတ် တိုးတက်လာသည်။ အသက်(၁၅)နှစ်နှင့်အထက် လူဦးရေ၏ ပျှမ်းမျှပညာရေးရရှိခြင်းသက်တမ်းသည် (၂၀၁၀)ပြည့်နှစ်က (၉.၀၈)နှစ်မှ (၉.၉၁)နှစ်အထိ တိုးတက်လာသည်။ ပျမ်းမျှအသက်(၁၆)နှစ်မှ(၅၉)နှစ်အတွင်း အလုပ်လုပ်သူလူဦးရေ၏ ပျှမ်းမျှပညာရေး ရရှိခြင်းသက်တမ်းသည် (၂၀၁၀)ပြည့်နှစ်က (၉.၆၇)နှစ်မှ (၁၀.၇၅)နှစ်အထိရောက်ရှိပြီး စာမတတ်နှုန်းသည် (၂၀၁၀)ပြည့်နှစ်က (၄.၀၈%)မှ (၂.၆၇%)အထိကျဆင်းခဲ့ပါသည်။

လူဦးရေလှုပ်ရှားသွားလာမှုမှာ များပြားလျက်ရှိပြီး လူဦးရေစုဝေးအကျိုးသက်ရောက်မှု ပိုမိုသိသာထင်ရှား လာသည်။ နေထိုင်ရာအရပ်နှင့်အိမ်ထောင်စုမှတ်ပုံတင်ရှိရာနေရာ မတူညီသည်မှာလည်း အမြဲတမ်းပုံမှန် ဖြစ်နေပါသည်။ (၂၀၂၀)ပြည့်နှစ် တရုတ်နိုင်ငံရှိ အိမ်ထောင်စုမှ ခွဲခွာသူလူဦးရေသည် (၄၉၃)သန်းရှိရာ စုစုပေါင်းလူဦးရေ၏ (၃၅%) ခန့်ရှိသည်။ ၎င်းအတွင်း လှုပ်ရှားသွားလာလူဦးရေသည် (၃၇၆)သန်းရှိရာ (၁၀)နှစ်အတွင်း (၇၀%)နီးပါး တိုးမြှင့်လာခဲ့သည်။

သန်းခေါင်စာရင်းရလဒ်အရ တရုတ်နိုင်ငံရှိ အသက်(၁၆)နှစ်-(၅၉)နှစ်အတွင်း အလုပ်လုပ်သော လူဦးရေသည် (၈၈၀)သန်းရှိသည်ကိုတွေ့ရသဖြင့် အလုပ်သမားအင်အား လူသားအရင်းအမြစ် အပြည့်အဝရှိနေဆဲဖြစ်ပါ သည်။