တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော် e-commerce မြှင့်တင်ရန် ကုန်တင်ရထားဝန်ဆောင်မှု တွန်းအားပေးမည်

2021-05-13 18:19:28 |သတင်းအရင်းအမြစ် 新华网

တရုတ်-ဥရောပ ကုန်စည်ဝန်ဆောင်မှုသည် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် မြှင့်တင်ပေးမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့သော ပဉ္စမအကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာကုန်စည်ပြပွဲမှ ထုတ်ပြန်သည့် သုံးနှစ်တာ လုပ်ငန်းအစီအစဉ်အရ သိရသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် လမ်းကြောင်းသစ်များစွာ ဖော်ထုတ်ခြင်းနှင့်အတူ တရုတ် ရထားလမ်းအဝေးပြေး (Chang'an) မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် e-commerce အတွက် အစိမ်းရောင်ဝန်ဆောင်မှု ယန္တရား တည်ဆောက်သွားမည်ဖြစ်ကြောင်း သုံးနှစ်တာ လုပ်ငန်းအစီအစဉ်၌ ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် လျှော့ချရာတွင် အထောက်အကူဖြစ်စေရန် ပြည်ပ ကုန်လှောင်ရုံများ တည်ဆောက်နေစဉ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် e-commerce ထုတ်ကုန်များအတွက် အဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်လျက် နိုင်ငံများအား ပံ့ပိုးရန် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းအစီအစဉ်အရ သိရသည်။

အရည်အသွေးရှိသော လေ့ကျင့်မှုအခြေစိုက်များကိုလည်း ရှီးအန်းမြို့နှင့် ပြည်ပတွင် တည်ဆောက်သွားမည်ဖြစ်ကာ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများအတွက် ပိုမိုအရည်အသွေးရှိသော နယ်ပယ်၌ စတင်ထူထောင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)