တာ့လီအော်ယွမ်တွင် လယ်ယာမှတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်းဖြင့် အာလူးရောင်းအားမြင့်တင်

2021-05-14 17:34:34 |သတင်းအရင်းအမြစ် 云南网

“ကျွန်တော်တို့အဖွဲ့ရဲ့ ဒီကနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ အာလူးရောင်းချမှုက ကီလိုဂရမ်(၄၅၀၀)ကျော်ထိ ရောင်းအားရှိခဲ့ပြီး ပြည်တွင်းနေရာအနှံ့ကို ပို့ဆောင်နေပြီဖြစ်ပါတယ်။”

ယခုရက်ပိုင်း ယူနန်ပြည်နယ်မှ အွန်လိုင်းရုပ်သံတင်ဆက်သူများသည် အော်ယွမ်ခရိုင် ထွမ်ကျယ်ကျေးရွာ အာလူးအဓိကထွက်ကုန်နေရာတွင် လယ်ယာအတွင်းမှ တိုက်ရိုက်ထုတ်လွှင့် ဈေးရောင်းချခြင်းပုံစံဖြင့် ဒေသခံတောင်သူများ၏ အာလူးကို ရောင်းချပေးသည်။

အော်ယွမ်ခရိုင် ထွမ်ကျယ်ကျေးရွာတွင် အာလူးစိုက်ပျိုးရေးဧရိယာမှာ တရုတ် ဧရိယာယူနစ် မူ(၅၀၀၀)ကျော် (၈၂၃.၆၈ ဧက)ခန့် ကျယ်ဝန်းသည်။ စုစုပေါင်းထွက်နှုန်းမှာ တန်(၁၀၀၀၀)ထိရှိပြီး အရည်အသွေးကောင်းကာ အရသာကောင်းမွန်သည်။ ဧပြီလမှစ၍ အော်ယွမ်ခရိုင်ရှိ မြို့နယ်နှင့် ကျေးရွာအုပ်စုအသီးသီးမှ အာလူးများ သည် ဈေးကွက်အတွင်း ရောက်ရှိခဲ့သည်။ သို့သော် ဈေးကွက်ပေါက်ဈေးနိမ့်ကျပြီး ဝယ်လက်ရှာရန်ခက်သဖြင့် ယခုနှစ် အာလူးရောင်းချမှုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ အွန်လိုင်းရုပ်သံတင်ဆက်သူ အတော် များများသည် အာလူးအဓိကထွက်သော လယ်ယာအသီးသီးသို့သွားရောက်ခဲ့ပြီး “tiktok”၊ “kwai” စသည့် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့် ပလက်ဖောင်းဖြင့် လယ်ယာအတွင်း တိုက်ရိုက်ထုတ်လွှင့်ခြင်းများ ပြုလုပ်ခဲ့ သည်။ လယ်သမားများ၏ စိုက်ပျိုးရေးအတွက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အားသွန်ခွန်စိုက် အာလူး ရောင်းအားမြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့် ကုန်ရောင်းချမှုကြောင့်လည်း အချို့ လယ်သမားများလည်း ထုတ်လွှင့်တင်ဆက်သူများ ဖြစ်လာခဲ့သည်။ အွန်လိုင်းစကားပြော တိုက်ရိုက် ချိတ်ဆက်ခြင်းပုံစံဖြင့် ဈေးရောင်းကြသည်။ တစ်ဖက်က အာလူးတူးရင်း တစ်ဖက်ကလိုင်းပေါ်က မိတ်ဆွေများ နှင့် စကားပြောရင်း အာလူးရောင်းကြသည်။