တရုတ် 5G စီးပွားဖြစ် ဖွံ့ဖြိုးမှုသည် အောင်မြင်မှု များစွာ ရရှိခဲ့သည်ဟု တရုတ်စက်မှုနှင့် ဆက်သွယ်ရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးဆို

2021-05-20 16:44:54 |သတင်းအရင်းအမြစ် CRI

မေလ ၁၇ ရက်နေ့သည် ကမ္ဘာ့သတင်းအချက်အလက်ဆက်သွယ်ရေးနေ့ ဖြစ်သည်။ ၁၇ ရက်နေ့က ကျင်းပသော ၂၀၂၁ ခုနှစ် ကမ္ဘာ့သတင်းအချက်အလက် ဆက်သွယ်ရေးနေ့ညီလာခံတွင် တရုတ်စက်မှုနှင့် ဆက်သွယ်ရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီးက တရုတ် 5G စီးပွားဖြစ်ဖွံ့ဖြိုးမှုသည် အောင်မြင်မှုများစွာ ရရှိခဲ့သည်ဟု ပြောကြားသည်။

၂၀၂၁ ခုနှစ် မတ်လ လကုန်အထိ တရုတ်နိုင်ငံသည် 5G အခြေခံစခန်း ၈ သိန်း ၁ သောင်း ၉ ထောင်ကို တည်ဆောက်ပြီးစီးပြီး တစ်ကမ္ဘာလုံး ၇၀ ရာခိုင်နှုန်းကျော်ရှိကာ တစ်ကမ္ဘာလုံးအတိုင်းအတာ အကြီးမား ဆုံး 5G SA ကွန်ရက်ကို တည်ဆောက်ခဲ့ကြောင်း၊ ဥရောပတိုက် ဆက်သွယ်ရေးစံချိန်စံနှုန်းအသင်း ETSI မှ ကြေညာသော 5G စံချိန်စံနှုန်းအတွက် လိုအပ်သည့် ပညာမူပိုင်ခွင့်များအနက် တရုတ်ကုမ္ပဏီများသည် ကမ္ဘာ့ရှေ့တန်းနေရာတွင် တည်ရှိကြောင်း၊ 5G အသုံးပြုမှု ဆန်းသစ်တီထွင်ရေးဖြစ်ရပ် ၉၀၀၀ ကျော်ရှိပြီး အသုံးပြုမှု ဆန်းသစ်တီထွင်ရေးနယ်ပယ်တွင် ရှေ့တန်းနေရာ၌ တည်ရှိကြောင်း သိရပါသည်။