လတ်တလောနှစ်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် သယံဇာတအရင်းအမြစ်ကို ပိုင်ဆိုင်ထားသော ယုံစိန်ခရိုင်မှ လီကျမ်းကျုံရွမ် အစိမ်းရောင်စားသောက်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက် (အောက်တွင် “ကျုံရွမ်ကုမ္ပဏီ” ဟုအတိုချုံးဖော်ပြထားသည်) စသည့် ထိပ်တန်းလုပ်ငန်းများသည် စားသုံးမှိုစိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ယုံစိန်ခရိုင်စားသုံးမှို တာထျန်စိုက်ပျိုးရေး ဧရိယာသည် တရုတ်မူ(၅၀၀၀) (ဧက ၈၂၃.၆၈ နှင့်ညီမျှသည်) ရှိပါသည်။ ဖန်လုံအိမ်စိုက်ပျိုးရေးဧရိယာသည် တရုတ်မူ(၅၀၀) (ဧက ၈၂.၃၆၈ နှင့်ညီမျှသည်) ရှိပါသည်။ ခရိုင်တစ်ခုလုံးအတွင်းရှိ စားသုံးမှိုထွက်နှုန်းသည် တန်ချိန် (၁၀၀၀)ရှိပြီး တန်ဖိုးငွေ တရုတ်ယွမ်ငွေသိန်း (၇၀၀)ရှိပါသည်။