တရုတ်နိုင်ငံအခြေစိုက်သတင်းထောက် ယူနန်ခရီးစဉ် ။ ။ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း၊ စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းအပေါ် သူတို့တတွေ အာရုံစိုက်ခဲ့

2021-05-20 17:45:14 |သတင်းအရင်းအမြစ် 云南日报

မေလ (၁၇) ရက်နေ့တွင် “တရုတ်နိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းထောက် ယူနန်ခရီးစဉ်” ခေါင်းစဉ်ဖြင့် အင်တာဗျူးအစီအစဉ် စတင်သည့်နေ့ရက်တွင် မီဒီယာအဖွဲ့သည် တရုတ်နိုင်ငံတောင်ပိုင်း လျှပ်စစ်ကွန်ရက် ယူနန်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် China Southern Power Grid Yunan International Company Limited (အောက်တွင် ယူနန်အင်တာနေရှင်နယ်ကုမ္ပဏီဟု အတိုချုံးဖော်ပြထားသည်) တွင် “လျှပ်စစ်စွမ်းအင်ပြည့်ဝလုံလောက်ခြင်း” အင်တာဗျူးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

“တရုတ်နိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းထောက် ယူနန်ခရီးစဉ်”သတင်းထောက်များ သတင်းလေ့လာနေစဥ်

 

“အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းခြင်း” နှင့် “စွမ်းအင်သစ်” ဟူသော စကားလုံးများကို ကြိမ်ဖန်များစွာအသုံးပြုခဲ့သည်။

“လူကြီးမင်းတို့ကုမ္ပဏီသည် အနာဂတ်ကာလတွင် ပါကစ္စတန်နိုင်ငံနှင့် လျှပ်စစ်ဓာတ်အား တည်ဆောက်ရေး အကျိုးတူပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရန် အစီအစဉ် ရှိပါသလား။”

“ဗီယက်နန်နှင့် တရုတ်နှစ်နိုင်ငံ၏ စွမ်းအင်သစ်အပိုင်းကဏ္ဍ အကျိုးတူပူးပေါင်းဆောင်ရွက်မူ အနာဂတ် အလားအလာကို ဘယ်လိုသဘောရသလဲ။”

“တရုတ်နိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းထောက် ယူနန်ခရီးစဉ်”သတင်းထောက်များ သတင်းလေ့လာနေစဥ်

“အပြန်အလှန်ချိတ်ဆက်နိုင်သော လျှပ်စစ်စွမ်းအင်တည်ဆောက်ရေး နောက်ထပ်တစ်ဆင့်တိုးချဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံအများက ပိုမိုပူးပေါင်းပါဝင်လာစေရန် သင်တို့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။”

 

ယူနန်အင်တာနေရှင်နယ်ကုမ္ပဏီသည် လျှပ်စစ်စွမ်းအင်အပြန်အလှန်ချိတ်ဆက်ခြင်း၊ လျှပ်စစ်စီးပွားရေး ကူးသန်းရောင်းဝယ်ရေး စသည့်အပိုင်းကဏ္ဍများ၏သတင်း မျှဝေခဲ့သည်။ အထူးသဖြင့် ကာဗွန်ထုတ်လွင့်မှု လျော့ချရေး၊ သန့်စင်သောစွမ်းအားများ အကျိုးရှိစွာအသုံးပြုခြင်း၊ ဒေသအတွင်းလျှပ်စစ်စွမ်းအင် အပြန် အလှန် ချိတ်ဆက်ခြင်း စသည့် အပိုင်းကဏ္ဍများ၏ လုပ်ဆောင်မူရလဒ်များကို အသေးစိတ် မျှဝေခဲ့ပါသည်။

‌ဖြေဆိုချက်များကို သတင်းထောက်များက စိတ်ဝင်တစား အာရုံစူးစိုက်နားထောင်ပြီး မှတ်စုစာအုပ်ပေါ်တွင် လျင်မြန်စွာ မှတ်သားနေကြပါသည်။

“နောက်အနာဂတ်ကာလတွင် ပိုမိုများပြားသော လာအိုနိုင်ငံသားများ လျှပ်စစ်စွမ်းအင်တည်ဆောက်ရေး လုပ်ငန်းထဲတွင် ပါဝင်လာကြရန်၊ နှစ်နိုင်ငံဆက်ဆံရေး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ပိုမိုဖြစ်ထွန်း လာရန် ကျွန်တော်မျှော်လင့်နေပါသည်” ဟု လာအိုနိုင်ငံ Khaosan Pathet Lao သတင်းဌာနမှ သတင်းထောက် ဖုံမုံနီ ဖေစိုက်မော့နက ပြောသည်။


တရုတ်-ဗီယက်နန် လျှပ်စစ်စွမ်းအင်အကျိုးတူပူးပေါင်းဆောင်ရွက်မူ အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မူ အလားအလာ ကောင်းမွန်မှုရှိကြောင်း ကျွန်တော်ယုံကြည်ပါသည်။ လျှပ်စစ်စွမ်းအင် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အထောက် အပံ့ကောင်းများ ဖြစ်ထွန်းစေပြီး ပြည်သူလူထုကို အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
——ဗီယက်နန်(ပြည်သူ့သတင်း) သတင်းထောက် သုဝေဆာ

တောင်ပိုင်းလျှပ်စစ်ကွန်ရက်ကုမ္ပဏီသည် ‌ဒေသတွင်းလျှပ်စစ်စွမ်းအင်အကျိုးတူပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် အောင်မြင်သောအတွေ့အကြုံများစွာကို စုဆောင်းရရှိပြီးဖြစ်သည်။ အဆိုပါအတွေ့အကြုံ များသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” ၏ အဓိက စီမံကိန်း တည်ဆောက်မှုလုပ်ငန်းထဲသို့ ပိုမိုများပြားသော တရုတ်နိုင်ငံနှင့်ပါကစ္စတန်နိုင်ငံ၏ စွမ်းအင်လုပ်ငန်းရှင်များ ပါဝင်လာရန် အထောက်အပံ့များဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။ “အတူတကွ စီးပွားလုပ်ဆောင်ခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူတကွဝေမျှခံစားခြင်း” ကို ပိုမိုကျယ်ပြန့်သော နယ်ပယ်ထဲတွင် အကောင် အထည်ဖော်ဆောင်နိုင်ရန် မျှော်လင့်နေပါသည်။
——Associated press of pakistan သတင်းဌာနမှ အာစီကျာအော် မောဟာမော့တယ်

စုံစမ်းမေးမြန်းမှုများအရ ယူနန်အင်တာနေရှင်နယ်ကုမ္ပဏီသည် တရုတ်နိုင်ငံတောင်ပိုင်းလျှပ်စစ်ကွန်ရက် ကုမ္ပဏီလီမိတက်၏ နိုင်ငံတကာလျှပ်စစ်စွမ်းအင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းတစ်ခု ဖြစ်သည်။ ယူနန်ပြည်နယ်၏ ဒေသတည်နေရာအားသာချက်၊ အရင်းအမြစ်အားသာချက်နှင့် တောင်ပိုင်း လျှပ်စစ်ကွန်ရက်အားသာချက်များကို အမှီပြုပြီး ဗီယက်နန်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့် (၅)နိုင်ငံနှင့် နယ်စပ်လျှပ်စစ်ကွန်ရက် အပြန်အလှန်ချိတ်ဆက်မူ တည်ဆောက်ခြင်းနှင့် နယ်ခြားလျှပ်စစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။

“တရုတ်နိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းထောက် ယူနန်ခရီးစဉ်”သတင်းထောက်များ သတင်းလေ့လာနေစဥ်