တရုတ်နိုင်ငံအခြေစိုက်သတင်းထောက်၏ယူနန်ခရီးစဉ်၏ “ပန်းကမ္ဘာ”ကို သတင်းထောက်များက အထူးစွဲလန်း

2021-05-20 17:51:37 |သတင်းအရင်းအမြစ် 云南日报

မေလ(၁၇)ရက်နေ့ ညနေပိုင်းတွင် ကူမင်းအပြည်ပြည်ဆိုင်ရာပန်းမန်လေလံတင်ရောင်းချပွဲ (အောက်တွင် “ကူမင်းပန်းအရောင်းစင်တာ”ဟု အတိုချုံခေါ်ဝေါ်မည်) သို့ တရုတ်နိုင်ငံအခြေစိုက်သတင်းထောက်များ ဝင်ရောက်လေ့လာခဲ့ရာ “ပန်းကမ္ဘာ”အပေါ် အားလုံးကအထူးအံ့အားသင့်ခဲ့ကြသည်။

(ကူမင်းပန်းအရောင်းစင်တာတွင် ပန်းများကို တွေ့ရစဥ်)

ရုရှားနိုင်ငံမှ ဘာလျန်နသည် ဟိုင်နန်နိုင်ငံတကာအသံလွှင့်စင်တာ၏ သတင်းထောက် ဖြစ်သည်။ သူမသည် ယူနန်ကို ပထမဆုံးအကြိမ်ရောက်ရှိခြင်း ဖြစ်သော်လည်း ကူမင်းပန်းအရောင်းစင်တာကို ကြားဖူးနားဝရှိခဲ့သည်။ ပန်းမန်စိုက်ပျိုးခြင်းမှ ထုတ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းနှင့် BigData ပလက်ဖောင်းအထိ အစိတ် အပိုင်းအသီးသီးကို ဘာလျန်နက သေချာလေ့လာခဲ့သည်။ “အချိုးအစားကြီးမားပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သည်။ အစိတ်အပိုင်းအားလုံးက အထူးစိတ်ဝင်စားစရာကောင်းလှပါသည်။ ဒီနေရာကပန်းတွေကို ရုရှားအထိ ရောင်းချနေတာကိုလည်း ကျွန်မ သိခဲ့ရသည်။”

 

(ကူမင်းပန်းအရောင်းစင်တာတွင် ပန်းများကို တွေ့ရစဥ်)

ထိုင်းနိုင်ငံမှ ချိန်မူကျွင်းသည် ကူမင်း၌ (၁၀)နှစ်ကျော်နေထိုင်ခဲ့ပြီဖြစ်သော်လည်း ကူမင်းပန်းအရောင်းစင်တာ ကို ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ လေ့လာကြည့်ရှုရင်း ချိန်မူကျွင်းသည် ဖုန်းဖွင့်ပြီး ဗီဒီယိုအတိုတစ်ခု ရိုက်ကူးခဲ့သည်။ “ဒီနေရာမှာ တစ်ရက်ကို လတ်ဆတ်ပန်းပွင့် သိန်း(၃၀)ကျော်ကို မည်သို့ရောင်းချနေသည်ကို ထိုင်းနိုင်ငံမှ အွန်လိုင်းအသုံးပြုသူများထံ ကျွန်တော်မိတ်ဆက်ပေးလိုပါသည်။ ယူနန်ပန်းများက ထိုင်းနိုင်ငံသို့‌ ရောင်းချနေပြီဖြစ်သည်။ ထိုင်းနိုင်ငံမှပန်းများလည်း တိုနန်မှတရုတ်နိုင်ငံစျေးကွက်အတွင်းသို့ ဝင်‌ရောက်နေပြီ ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ထိုင်းနိုင်ငံပန်းကုန်သည်များသည် နည်းပညာအသစ်၏ အခွင့်အလမ်းကို အသုံးချစေလိုပါသည်။ ထိုင်းနိုင်ငံ၏ပန်းများ တရုတ်နိုင်ငံသို့ ပိုမိုဝင်ရောက်စေလိုပါသည်”ဟု ချိန်မူကျွင်းက ပြောသည်။

 

(ကူမင်းပန်းအရောင်းစင်တာတွင် ကုန်သည်များသည် မန်းများ လေလံတင် ရောင်းဝယ်နေစဥ်)

ကူမင်းပန်းအရောင်းစင်တာမှ သက်ဆိုင်ရာတာဝန်ရှိသူ၏ မိတ်ဆက်ချက်အရ ကူမင်းပန်းအရောင်းစင်တာ တွင် တစ်ရက်ပျှမ်းမျှရောင်းအားပမာဏသည် ပန်းပွင့်သိန်း(၃၀)မှ(၄၀)ပွင့်ခန့် ရောက်ရှိနေပြီး ပွဲရက်ကာလအတွင်း ပိုမိုရောင်းအားကောင်းသည်ကို သိရပါသည်။ ယခင်နှစ်က ကိုဗစ်ရောဂါကြောင့် တစ်နှစ်လုံးရောင်းချမှုပမာဏသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ပန်းပွင့်ပေါင်း(၁.၅)ဘီလီယံရှိပြီး အရောင်းပမာဏတန်ဖိုး ယွမ်(၁.၄၈၅)ဘီလီယံ ရှိသည်။