မျိုးစပ်စပါးဖခင် ယွမ်လုံဖျင် ကွယ်လွန်

2021-05-24 18:43:06 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀၇ မိနစ်တွင် မျိုးစပ်စပါးဖခင် ယွမ်လုံဖျင်(Yuan Longping)သည် ကိုယ်တွင်းအင်္ဂါစွမ်းအားလုံးဝကုန်ခန်းခြင်းကြောင့် အသက် ၉၁ နှစ်တွင် ကွယ်လွန်သွားခဲ့သည်။


ယွမ်လုံဖျင်သည် တရုတ်နိုင်ငံ မျိုးစပ်စပါးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆောင်ပညာရှင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးစပ်စပါး၏ အားသာချက်ဖြင့် လူများကို အကျိုးဆောင်ပေးသော ပထမဦးဆုံး သိပ္ပံကျွမ်းကျင်ပညာရှင် ဖြစ်သည်။ သူအား “မျိုးစပ်စပါး၏ ဖခင်”ဟု ချီးကျူးခံခဲ့သည်။ သူသည် ၁၉၆၄ ခုနှစ်ကတည်းက မျိုးစပ်စပါးကို သုတေသနပြုခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဆုံး စပါးသီးနှံအထွက်ကောင်း သော မျိုးစပ်စပါး Nanyou-2 ကို သုတေသနပြု ဖန်တီးခဲ့ပါသည်။

လက်ရှိတွင် အဆိုပါမျိုးစပ်စပါးကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နန်စသည့်နိုင်ငံများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးနေပြီး တစ်နှစ်တွင် စိုက်ပျိုးမှုအကျယ်အဝန်း ၈ သန်းဟက်တာရှိကာ တစ်ဟက်တာ ၏ သီးထွက်နှုန်းသည် အဆိုပါနိုင်ငံ၏ ဒေသစပါးထက် ၂ တန်ထက်ပိုများပါသည်။

၂၀၁၉ ခုနှစ်တွင် ယွမ်လုံဖျင်သည် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံးဂုဏ်ပြုတံဆိပ်ဖြစ်သော “သမ္မတနိုင်ငံ ဂုဏ်ထူးဆောင်တံဆိပ်”ကို ချီးမြင့်ခံခဲ့ရပါသည်။