(၇၄)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကိုဗစ်ရောဂါကာကွယ်ဆေးထောက်ပံ့ပေးသော တရုတ်နိုင်ငံအား နိုင်ငံတကာကိုယ်စားလှယ်များက ကျေးဇူးတင်စကားပြောကြား

2021-05-27 18:57:27 |သတင်းအရင်းအမြစ် 新华网

ဒေသစံတော်ချိန် မေလ(၂၅)ရက်နေ့တွင် (၇၄)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကိုဗစ်ရောဂါပိုး တိုက်ဖျက်ရန် ကိုဗစ်ရောဂါကာကွယ်ဆေးထောက်ပံ့ပေးသော တရုတ်နိုင်ငံအား နိုင်ငံပေါင်းများစွာမှ ကိုယ်စားလှယ်များက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆီနီဂေါနိုင်ငံတွင် ယခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။ ဆီနီဂေါမှ ပထမဦးဆုံးရရှိခဲ့သော ကိုဗစ်ရောဂါကာကွယ်ဆေးမှာ တရုတ်နိုင်ငံမှဖြစ်သည်ဟု ဆီနီဂေါနိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ကိုဗစ်ရောဂါကာကွယ်ဆေး လျင်မြန်စွာ ထုတ်လုပ်နိုင်ရေးအတွက် နေ့ရောညပါ အလုပ်လုပ်နေကြသော ကမ္ဘာ တဝှမ်းလုံးရှိ သိပ္ပံပညာရှင်များကို အထူးပင်ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံသည် ပထမဦးဆုံးသော ကိုရိုနာဗိုင်းရပ်စ်မျိုးဆက်စဉ်ကို မျှဝင်ပေးခဲ့ခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေး ပိုမိုမြန်ဆန်စွာတီထွင်နိုင်ခဲ့သည့် အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ယူဂန္ဓာနိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေးကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် သဘောထားချင်းတူညီသော ဆက်ဆံမှုရရှိထားပြီးဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးစပ်လျက်ရှိသည်ဟု အီဂျစ်နိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ကိုဗစ်ရောဂါကာကွယ်ဆေး အထူးစီမံကိန်း မြှင့်တင်ဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံနှင့် အခြားသော ချစ်ကြည်ရေးနိုင်ငံများ၏ ပံ့ပိုးကူညီမှုကို အထူးပင်ကျေးဇူးတင်ရှိကြောင်း မက္ကဆီကိုနိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများ၏ ပံ့ပိုးကူညီမှုကြောင့် နီပေါတွင် ယခုနှစ်မတ်လ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတင်နိုင်ခဲ့ကြောင်း နီပေါနိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။