တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ဝမ်တိန်မြို့နယ်အား “ယူနန်ပြည်နယ်၏ ထူးခြားသော မြို့နယ်”အဖြစ် သတ်မှတ်ချီးမြှင့်

2021-05-28 19:46:08 |သတင်းအရင်းအမြစ် 瑞丽市融媒体中心 云南日报

မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ်၏ “သာယာလှပသောခရိုင်” နှင့် “ထူးခြားသော မြို့နယ်”တည်ဆောက်ရေးမြှင့်တင်ရေးအစည်းအဝေးကို ဟုန်ဟော်ပြည်နယ်ခွဲ မီလဲမြို့တွင် ကျင်းပရာ “ယူနန်ပြည်နယ်၏ သာယာလှပသောခရိုင်” ၁၆ ခု၊ “ယူနန်ပြည်နယ်၏ ထူးခြားသောမြို့နယ်” ၆ ခုအား အသီးသီး ရွေးချယ်သတ်မှတ် ချီးမြှင့်ပေးခဲ့ပါသည်။ ၎င်းအနက် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ ရွှေလီမြို့ ဝမ်တိန်မြို့နယ်သည် “ယူနန်ပြည်နယ် ထူးခြားသောမြို့နယ်”အဖြစ် သတ်မှတ် ချီးမြှင့်ခြင်းခံရပါသည်။


 

ရှေးဟောင်းမြို့နယ်နှင့် ရိုးရာကျေးရွာများ ပိုင်ဆိုင်သည်မှာ ယူနန်ပြည်နယ်မှ သာလွန်သော ထူးခြားချက်များနှင့် ပြည့်စုံသော ယဥ်ကျေးမှုရတနာသိုက်ဖြစ်သကဲ့သို့ ထူးခြားသော မြို့နယ်ဖန်တီးရာတွင် သဘာ၀ကပေးစွမ်းသော အားသာချက်များလည်းဖြစ်ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် တည်ရှိသော ဝမ်တိန်သည် အဘယ်ကြောင့် ယူနန်ပြည်နယ်၏ ထူးခြားသောမြို့နယ်”အဖြစ် သတ်မှတ် ချီးမြှင့်ခြင်း ခံရသနည်းဆိုသည်ကို ကျွန်တော်တို့ ဝမ်တိန်မြို့နယ်ကို အတူသွားရောက်လေ့လာကြရအောင်။


တိုင်လူမျိုး၏ ဘာသာစကားအရ ဝမ်တိန် ဆိုသည်မှာ နေရောင်ခြည် ထွန်းလင်းရာနေရာဖြစ်ပါသည်။ ယခင်တုန်းက တရုတ်နိုင်ငံ၏ အသေးငယ်ဆုံး ခရိုင်အဆင့် မြို့နယ်ဖြစ်သည့်အတွက် ကျော်ကြားပါသည်။ မြန်မာနိုင်ငံနယ်စပ်ဒေသနှင့် မြစ်တစ်မြစ်သာ ခြားပြီး တည်ရှိပါသည်။ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ နာမည်ကျော်မြို့၊ သံတမန်ဆက်ဆံရေး နာမည်ကျော်မြို့၊ ကုန်သွယ်ရေးနာမည်ကျော်မြို့နှင့် ခရီးသွားလာရေးနှင့် ယဥ်ကျေးမှု နာမည်ကျော်မြို့ အစရှိသဖြင့် နာမည်အမျိုးမျိုးဖြင့် ကျော်ကြားလှပါသည်။ တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများသို့ ဖြတ်ကျော်သော အချက်အချာကျနေရာ၊ တောင်ပိုင်းပိုးလမ်းမ၏ အဓိကပို့ဆောင်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတော်ပထမအဆင့် နယ်စပ်ဂိတ်၊ နာမည်ကျော်ကြားသော ယူနန်-မြန်မာကုန်းလမ်း၏ တရုတ်နိုင်ငံပိုင်း၏ လမ်းဆုံးနေရာနှင့် တရုတ်နိုင်ငံမှ တောင်အာရှနိုင်ငံသို့ လှမ်းချီသော ပထမဆုံးဂိတ်ဖြစ်ပါသည်။