တရုတ်နိုင်ငံသည် အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေးနယ်ပယ်၌ ထူးချွန်သော တိုးတက်အောင်မြင်မှုများ ရရှိသည်ဟု The Lancet အစီရင်ခံစာတွင် ဖေါ်ပြ

2021-05-31 18:53:46 |သတင်းအရင်းအမြစ် CRI

ကမ္ဘာ့နာမည်ကြီး ဆေးပညာဂျာနယ် The Lancet မှ မကြာမီက ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း တရုတ်နိုင်ငံသည် ကလေးငယ်နှင့် အမျိုးသမီးများ ကျန်းမာရေးနယ်ပယ်၌ ထူးချွန်သော တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖေါ်ပြထားပါသည်။

တရုတ်အမျိုးသမီးများ မီးဖွားမှု အခြေအနေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးတွင်းကလေးများ၊ ကလေးသူငယ်များ ကျန်းမာရေးဆိုင်ရာ အထူး ဖိတ်ကြားချက်အရ တင်ပြသော အစီရင်ခံစာ ခေါင်းစဉ် ဖြစ်သည့် ယင်းအစီရင်ခံစာကို ပြည်တွင်းပြည်ပမှ နာမည်ကြီး တက္ကသိုလ်ကောလိပ်ကျောင်းနှင့် သိပ္ပံပညာ သုတေသနဌာနများမှ ကျွမ်းကျင်ပညာရှင် ၃၁ ဦးတို့က သုံးနှစ်အချိန်ယူပြီး ရေးသားပြုစုခဲ့ခြင်း ဖြစ်ပါသည်။

အစီရင်ခံစာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့်နောက်ပိုင်း တရုတ်ပြည်၌ ကိုယ်ဝန်ဆောင်နှင့် မီးဖွားအမျိုးသမီးများ သေဆုံးမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခါစက လူဦးရေ ၁ သိန်းအနက် ၁၅၀၀ ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁ သိန်းအနက် ၁၆့၉ ဦး အထိ ကျဆင်းလာကြောင်း၊ မီးတွင်းကာလ ကလေး သေပျောက်မှုနှုန်းမှာ ၁ ထောင်အနက် ၂၉၉ ဦး ရှိရာကနေ တစ်ထောင်အနက် ၅့၄ ဦးအထိ ကျဆင်းလာကြောင်း၊ တရုတ်လူမျိုး၏ ပျမ်းမျှသက်တမ်းမှာ အရင်က အသက် ၃၅ နှစ်ကနေ ယခု အသက် ၇ရ့၃ နှစ်အထိ တိုးလာပါကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များပါ အမျိုးသမီးနှင့်ကလေးငယ်များ ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်ကို လျာထားချိန်ထက်စောပြီး အကောင်အထည်ဖေါ်ဆောင်ပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။