အရောက်လှမ်းချီ ယွိရှီးဆီ ။ ။ ယူနန်ဒေသရင်းငါးမျိုးများအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သော ကျန်းချွမ်း ရှင်းယွင်ကန်

2021-05-31 18:55:57 |သတင်းအရင်းအမြစ် 《吉祥》杂志

 

များမကြာမီက ယွိရှီးမြို့ ရှင်းယွင်ကန် အရှေ့ဘက်ကမ်းရှိ ကျန်းချွမ်းခေါင်းကြီးငါး မျိုးငါးစခန်းတွင် ကျန်းချွမ်း မွေးမြူရေးနှင့် ရေလုပ်ငန်းစခန်းမှ စခန်းမှူး ကျန်းစီချွန်းနှင့် အဖွဲ့သည် ခေါင်းကြီးငါး မျိုးပွားရေးအတွက် အလုပ်များလျက်ရှိသည်။

ခေါင်းကြီးငါးမှာ ကျန်းချွမ်း၊ ရှင်းယွင်ကန်တွင် ပေါက်ပွားသော ဒေသရင်းငါးမျိုး ဖြစ်သည်။ သမိုင်းတစ်လျှောက် ရှင်းယွင်ကန်မှ ဖမ်းယူ ရရှိသည့် ငါးအမျိုးအစားများအနက် ခေါင်းကြီးငါးမှာ ၅ဝ% ပါဝင်၍ အခြားငါး အမျိုး အစားတစ် မျိုးဖြစ်သည့် ရှင်းယွင်ငါးမှာ ၂ဝ% ပါဝင်ပါသည်။ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ ၁၉၈ဝ ပြည့် လွန်နှစ်များ နောက်ပိုင်းတွင် ရှင်းယွင်ကန်၏ ဒေသရင်းငါးမျိုးများမှာ မျိုးတုံးရန် ဘေးအန္တရာယ်ကြုံတွေ့နေရ သည့် ငါးမျိုးစိတ်များ စာရင်းဝင် ဖြစ်လာခဲ့သည်။

ကျန်းချွမ်းတွင် ၂ဝဝဝ ပြည့်နှစ်၌ မျိုးပွားထိန်းသိမ်းရေးစခန်းကို တည်ထောင်ပြီး ခေါင်းကြီးငါး ၃၂၅ ကောင်ကို ရှာဖွေ စုစည်းကာ ဒေသရင်းငါးမျိုးစိတ်မွေးမြူရေး သုတေသနပြုလုပ်လာခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ရှင်းယွင်ငါးများကို ပိုက်ထောင်၍ ဖမ်းခြင်း၊ ရေလုပ်သားများထံမှ ဝယ်ယူခြင်းတို့ဖြင့် နည်းအမျိုးမျိုးသုံးကာ ရှင်းယွင်ငါး မူလမျိုးစိတ်များ ကို မွေးမြူနိုင်ရန် ကြိုးပမ်းလာခဲ့သည်။ “ကျွန်တော်တို့က ရှင်းယွင်ငါးကို မွေးမြူဖို့ တင်ပြခဲ့တယ်။ ဒေသခံ ရေလုပ်သားတွေ အမြင်မှာတော့ အဲဒီစိတ်ကူးက ရယ်စရာလို ဖြစ်ခဲ့တာပေါ့”ဟု ကျန်းစီချွန်းက ပြောပြ သည်။ သို့သော် မည်သို့ပင် ခက်ခဲ စေကာမူ စမ်းကြည့်ရမည်သာ ဖြစ် သည်။ ယခုအခါ ရှင်းယွင်ကန်စပ်က ကျန်းချွမ်း ရှင်းယွင်ငါးအုပ်မှာ သုတေသနစခန်းတွင် တစ်ဖန်ပြန်၍ ရှိလာခဲ့ပြီ။ ကျန်းစီချွန်းသည် ရှင်းယွင်ငါး၊ ယူနန်ငါးခုံး၊ ဖူရှဲန်းငါးခုံး ၊ ချီလုငါး ၊ အပြောက်ငါး၊ ဖူရှဲန်းရွှေ မျဉ်းငါးခုံး ဟူသော ငါးအမျိုးအစား ၆ မျိုးအတွက် မျိုးဆက်ချန်ထားပေးနိုင်ခဲ့သည်။