တို့တစ်တွေအတူ ကာကွယ်ဆေးထိုးနှံကြ

2021-05-31 18:59:05 |သတင်းအရင်းအမြစ် 《吉祥》杂志

ယခုနှစ် မတ်လမှစ၍ ကူမင်းမြို့သည် မြို့နေပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကို အရှိန်အဟုန်မြင့်ဖြင့် ဆောင်ရွက်လာခဲ့သည်။ “ကာကွယ်ဆေးတွေက ရပ်ကွက် ကျန်းမာရေး ဌာနတွေဆီ အသုတ်ခွဲပြီး ရောက်လာကြတယ်။ ရပ်ကွက်တာဝန်ရှိသူတွေက ကာကွယ် ဆေးထိုးနှံကြဖို့ အကြောင်းကြားလာလို့ ကျွန်မတို့ လည်း ယူနန်ပြည်နယ် အီး-ကျန်းမာရေးကတ်ကို ဝီချက်ကတစ်ဆင့် လျှောက်ပြီးတော့ ရပ်ကွက်ဆေးရုံက အကြောင်းကြားလာတဲ့အချိန်အတိုင်း အရောက်သွားပြီး ကာကွယ်ဆေး အထိုးခံကြတယ်”ဟု ဧပြီလ ၁ဝရက် နေ့တွင် ကူမင်းမြို့ ကွမ်းတုမြို့နယ် လျို့ကျာကျန်းမာရေးဌာနတွင် ကာကွယ်ဆေး အထိုးခံခဲ့သည့် မြို့နေပြည်သူ မစ္စတုန်က ပြောပြသည်။

ဧပြီလလယ်အထိ ကူမင်းမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးထိုးနှံသည့်နေရာ ၂ဝဝ ကျော် စီစဉ်ထားရှိပေးထားပြီဖြစ်သည်။

ကူမင်းမြို့ ကွမ်းတုမြို့နယ် အားကစားရုံ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံရေးယာယီစခန်းကြီးမှာ စတုရန်း မီတာ ၁ဝဝဝ ကျယ်ဝန်း၍ လေဝင်လေထွက်ကောင်းမွန်သည်။ စောင့်စားသည့်နေရာ၊ ကြိုတင်စစ်ဆေး သည့်နေရာ၊ မှတ်ပုံတင်သည့်နေရာ၊ ကာကွယ်ဆေးထိုးသည့်နေရာ၊ ကာကွယ်ဆေးထိုးပြီးနောက် စောင့်ကြည့်သည့်နေရာ၊ ရုံးလုပ်ငန်းဆောင်ရွက်သည့်နေရာ၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မူမမှန်တုံ့ပြန်မှု သံသယရှိလျှင် ကိုင်တွယ်ဆောင်ရွက်သည့်နေရာ၊ cold chain နေရာ အစရှိသည့် အခန်းနေရာများ စီစဉ်ထားရှိပေးထားသည်။ အခန်းနေရာအသီးသီးမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရှိ၍ မြင်သာထင်ရှားသော လမ်းညွှန်အမှတ်အသား များလည်း ပြသထားသောကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံကြ သည့် မြို့နေပြည်သူတို့မှာ စောင့်စားခြင်း၊ ကြိုတင်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဆေးထိုးပြီးနောက် စောင့်ကြည့်မှုခံယူ ခြင်းတို့ကို အစီအစဉ်အတိုင်း စနစ်တကျ လုပ်ဆောင်နိုင်ကြလေသည်။ ဤနေရာတွင် တစ်နေ့လျှင် ကာကွယ်ဆေး အလုံးရေ ၅ဝဝဝ အထိ ထိုးနှံ ပေးနိုင်သည်။

ဧပြီလ ၈ ရက်နေ့အထိ ကူမင်းတစ်မြို့လုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စုစုပေါင်း ၇၆၉၅၃၇ လုံး ထိုးနှံပြီဖြစ်သည်။ “ကျွန်တော်တို့ အားလုံး မိမိဆန္ဒအလျောက် ကာကွယ်ဆေး အထိုးခံကြ တာပါ။ ဒါဟာ မိမိကိုယ်ကိုအတွက်ရော သူတစ်ပါးအတွက်ပါ တာဝန်ယူရာရောက်တဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်”ဟု ကာကွယ်ဆေးထိုးနှံကြသည့် မြို့နေပြည်သူအချို့က ပြောပြပါသည်။
图片:龙宇丹