တောရိုင်းဆင်“လမ်းပျောက်”လျှင် အပြန်လမ်းကို သိနိုင်လား?

2021-06-01 11:43:20 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားမှ အာရှတောရိုင်းဆင်(၁၅)ကောင်သည် လမ်းတစ်လျှောက် စားလိုက်သွားလိုက်ဖြင့် ကူမင်းမြို့သို့ဦးတည်ကာ (၅၀၀)ကီလိုမီတာခန့်ထိ ရောက်ရှိသွားခဲ့သည်။ ယခုချိန်တွင် အဆိုပါဆင်ရိုင်း(၁၅)ကောင်သည် ကူမင်းမြို့နှင့် ကီလိုမီတာ(၁၀၀)အကွာတွင် ရောက်ရှိနေသည်။ ယူနန် ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသော ကူမင်းမြို့အနေဖြင့် တောရိုင်းဆင်မရောက်ရှိသည့်မှတ်တမ်းမှာ နှစ်ပေါင်း ရာကျော်ရှိပြီဖြစ်သည်။

ယခုအကြိမ် ဆင်ရိုင်းများ“ဦးတည်ရာမဲ့ရွေ့လျားသွားလာခြင်း”၏ ဖြစ်နိုင်ချေမှာ ဆင်ခေါင်းဆောင်၏ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဆင်များလမ်းပျောက်ရခြင်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ယူဆသည်။ တဖန် ယူနန်ပြည်နယ် အာရှဆင်များ ပျံ့နှံ့လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနယ်မြေ(၁၁)ခုမှာ ထိန်းသိမ်းမှု စွမ်းအား တိုးမြှင့်လာသည်နှင့်အမျှ သစ်တောမိုးရေသိပ်သည်းဆမှာ များပြားလာပြီး အာရှတောရိုင်းဆင်တို့ စားသုံး နိုင်သော အပင်လျော့နည်းလာခြင်းမှာလည်း ဖြစ်နိုင်ချေအကြောင်းအရင်းတစ်ခုဖြစ်သည်။ ထိုနည်းတူစွာ ယူနန် ပြည်နယ်တွင် အာရှဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစွမ်းအား တိုးမြှင့်လာသည်နှင့်အမျှ ဆင်အုပ်စုအရေအတွက် များပြားလာပြီးနောက် အာရှဆင်များအလေ့အကျင့်များ ပြောင်းလဲသွားခြင်းဖြစ်သည်။ ကျေးရွာနှင့် လယ်ယာမြေ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာနေပြီး အသီးအနှံဖြစ်ထွန်းသည့် အချိန်ရာသီအလိုက် သစ်တောနှင့် လယ်ယာမြေတွင် သွားလာကျက်စားလေ့ရှိသည်။ အဓိကအားဖြင့် စိုက်ပျိုးစပါး၊ ပြောင်းနှင့် အခြားကောက်ပဲ သီးနှံများစားသုံးလေ့ရှိသည်။

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်တွင် ဒေသဆိုင်ရာစောင့်ကြည့်ကြီးကြပ်မှုနှင့် ကြိုတင်သတိပေးမှုများ၊ အန္တရာယ် ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပေးကြေညာချက် စသည့်လုပ်ငန်းဆိုင်ရာ ပို့ချလမ်းညွှန်ရန် အသင်းအဖွဲ့ တစ်ခုကို စေလွှတ်ထားပြီးဖြစ်သည်။ အာရှဆင်များကို အစာကျွေးသည့်နည်းလမ်း၊ ဆင်အုပ်စု၏ အစားအသောက် အရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ အာရှဆင်များကို ထိန်းသိမ်းစောင့်ရှောက်သည့်နည်းတူ ဒေသခံများ၏လုံခြုံရေး၊ ပြည်သူလူထု၏ ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။