ဒေတာကြီးကုန်စည်ပြပွဲတွင် ကိုဗစ်ပိုးစစ်ဆေးရေး စမတ်ရွေ့လျားယာဉ် ပွဲဦးထွက်ပြသ

2021-06-01 11:45:00 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဒေတာကြီး (big data)ကုန်စည်ပြပွဲကို ကွေ့ရန်မြို့တွင် ကျင်းပခဲ့သည်။


၎င်းကုန်စည်ပြပွဲ ခန်းမရှေ့ရှိ ရင်ပြင်တွင် အဖြူရောင် ဘတ်စ်ကား တစ်စီးမှာ လူအများ၏ အာရုံစူးစိုက်ခြင်းကို ခံနေရသည်။ အပြင်ပန်းသဏ္ဍာန်မှာ ဘတ်စ်ကားသဏ္ဍာန်ရှိသော်လည်း အစစ်အမှန်မှာ ကိုဗစ်ပိုးစစ်ဆေးရေး စမတ် ရွေ့လျားယာဉ်ဖြစ်သည်။ ကားအတွင်း၌ အလိုအလျောက် ခွက်ပြောင်းလဲခြင်းစနစ်၊ ဗိုင်းရပ်စ်နျူကလိအက်ဆစ် ထုတ်ယူသည့် ကိရိယာများ စသည်တို့တပ်ဆင်ထားသည်။

အဆိုပါစစ်ဆေးရေးစနစ်မှာ ရှန်ကျန်းမြို့ရှိ ဇီဝအချက်အလက်သုတေသနကုမ္ပဏီမှ ပြုစုထားသော ကြီးမားသော ဒေတာများပေါင်းစည်းခြင်း၏ ဆန်းသစ်သော application ရလဒ်တစ်ရပ်ဖြစ်သည်။ ကျန်းမာရေးနှင့် ဆေးကုသမှု နယ်ပယ်များတွင် အဆိုပါ အသုံးချ application မှာ ပျံ့နှံ့အသုံးပြုလျက်ရှိပြီးဖြစ်သည်ဟု ကုမ္ပဏီတာဝန်ခံက ပြောသည်။