တရုတ်နိုင်ငံက ကျေးလက်ဒေသရှင်သန်ရေးမြှင့်တင်မှုဥပဒေကို ဇွန်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးပါသည်။ ယင်းဥပဒေသည် ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာကို ဘက်စုံဆောင်ရွက်ရန်၊ မြို့ပြနှင့် ကျေးလက် ဒေသများ တစ်သားတည်း တိုးတက်ရန်အတွက် အခြေခံကျသော လမ်းညွှန်မှုကို ပေးပါသည်။
ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ချွန်အန်းခရိုင်ရှိ ကျေးရွာများသည် စိမ်းလန်းစိုပြေသည့် တောင်နှင့်ရေကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဂေဟစနစ် ပတ်ဝန်းကျင်ကို တိုးတက်စေပြီး ကျေးလက်ဒေသခရီးသွားလုပ်ငန်းကို တိုးတက် ဆောင်ရွက်ကာ စိမ်းလန်း၊ ချမ်းသာ၊ လှပသည့် ကျေးလက်များဖြစ်အောင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါသည်။