အိုမင်းလာသူ လူဦးရေကို တက်ကြွစွာ တုံ့ပြန်လုပ်ဆောင်ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံတွင် အရေးပါသည့် မူဝါဒ ချမှတ် ထုတ်ပြန်လိုက်သည်။ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ မေလ(၃၀)ရက်နေ့ အစည်းအဝေးတွင် ကလေးမွေးဖွားခြင်းမူဝါဒကို ပိုမိုကောင်းမွန်လာစေခြင်း၊ အိမ်ထောင်တစ်ခုလျှင် ကလေး သုံးယောက်မွေးနိုင်သည့်မူဝါဒနှင့် သက်ဆိုင်ရာထောက်ပံ့မှု လုပ်ဆောင်ချက်များ အကောင်ထည်ဖော်ခြင်း၊ တရုတ်နိုင်ငံလူဦးရေဖွဲ့စည်းပုံကိုအကျိုးပြုခြင်း၊ အိုမင်းလာသူ လူဦးရေကို တက်ကြွစွာ တုံ့ပြန်လုပ်ဆောင်ပေး နိုင်ရန်အတွက် နိုင်ငံတော်ဗျူဟာကိုအကောင်ထည်ဖော်ခြင်း၊ တရုတ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်အား သာချက်ကို ဆက်လက် ထိန်းသိမ်းခြင်း စသည်တို့ကို တင်ပြခဲ့သည်။