တရုတ် Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြု

2021-06-02 19:59:36 |သတင်းအရင်းအမြစ် 新华网

ဇွန်လ ၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေညာထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ ပေကျင်း Sinovac Research & Development Co., Ltd. မှ သုတေသနပြုပြီး ဖန်တီးထုတ်လုပ်သည့် ကိုဗစ်-၁၉ inactivated ကာကွယ်ဆေးဖြစ်သော “CoronaVac” အား အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါသည်။

Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လုံခြုံမှုနှင့် အကျိုးသက်ရောက်မှုရှိကြောင်း၊ အရည်အသွေးအာမခံကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုသည့်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ ကာကွယ်ဆေး၏ သိုလှောင်ခြင်း လိုအပ်ချက်သည် သဘာဝပတ်ဝန်းကျင် ဆိုးဝါးသော၊ သိုလှောင်ခြင်းအခြေအနေဆိုးဝါးသောနေရာလည်း သိုလှောင်နိုင်ကြောင်း စသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေအမှုဆောင် မစ္စတာ Tedros Adhanom Ghebreyesus က ပြော ကြားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တို့၏ အကြံပြုချက်အရ Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ ထိုးနှံနိုင်ပြီး နှစ်ကြိမ်ထိုးနှံရန်လိုအပ်ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်အကြား ၂ ပတ် မှ ၄ ပတ်ကြာ ခွာပြီးထိုးရန် ဖြစ်ပါသည်။ သက်ဆိုင်ရာအချက်အလက်များအရ ၎င်းကာကွယ်ဆေးသည် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ခြင်း အကျိုးသက်ရောက်မှုနှုန်းသည် ၅၁% ရှိပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်ခြင်းကို ကြိုတင်ကာကွယ်ခြင်း အကျိုးသက်ရောက်မှုနှုန်း ၁၀၀% ရှိပါသည်။

လက်ရှိတွင် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများသည် ထိုကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများတွင် ပါဝင်မှု နည်းပါးနေသေးသည်။ သို့ရာတွင် သက်ဆိုင်ရာအချက်အလက်များအရ ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအတွက်လည်း သက်ရောက်မှုရှိနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ အသက်ကန့်သတ်ချက် ချမှတ်ရန်မ လိုကြောင်း အကြံပြုထားပါသည်။