ဇွန် ၂ ရက်နေ့က ယူနန်ပြည်နယ် တာ့လီ-ရွှေလီရထားလမ်း ဖောက်လုပ်သည့် လုပ်ငန်းခွင်မှတစ်ဆင့် သတင်းကောင်းအရ တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ စန်ထိုင်စန် ဥမင်လိုဏ်ခေါင်းအမှတ် ၂ တွင်းစောင်းမှ ထွက်ပေါက်အထိ ချောမွေ့စွာ ဖြတ်သန်းနိုင်ပြီ ဖြစ်ကြောင်းသိရပါသည်။
စန်ထိုင်စန် ဥမင်လိုဏ်ခေါင်း၏ ထွက်ပေါက်အား ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ဝင်ရောက် ပေါက်စတင်ခဲ့ကြောင်း၊ ၅၉ လအကြာတွင် ၁၁၈၀ မီတာကို တစိုက်မတ်မတ် ဖောက်လုပ်ပြီးစီးကြောင်း၊ ယခုအခါ ၎င်းထွက်ပေါက်ကို ချောမွေ့စွာဖြတ်ကျော်နိုင်သည့်အတွက် စီမံကိန်းတည်ဆောက်ရေးမှာ ဤကဏ္ဍတွင် အောင်မြင်မှုရရှိခြင်း သက်သေပြသနိုင်ခဲ့ကြောင်း သိရပါသည်။