ကျန်းဖုန်အကောက်ခွန်ဌာနသည် တရုတ်-မြန်မာ နယ်စပ်ဒေသမှ မူလတန်းကျောင်းတစ်ခုအတွက် ပစ္စည်းများ လှူဒါန်း

2021-06-04 18:21:50 |သတင်းအရင်းအမြစ် 云南日报

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နွေးထွေးသောနေရောင်ခြည်သည် အပြုံးများနှင့် ပြည့်လျှံနေ သောကလေးများ၏ မျက်နှာပေါ်တွင် လွှမ်းခြုံထားပါသည်။ ယူနန်ပြည်နယ် လုံချွမ်းခရိုင် ဟူဆာကျေးရွာ၏ ဖန်လွယ်ရွှေသော့မျှော်လင့်ချက်မူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် ကူမင်းအကောက်ခွန်ဌာန၏ လက်အောက်ခံကျန်းဖုန်အကောက်ခွန်ဌာနမှ လှူဒါန်းသည့် စာသင်စားပွဲနှင့် ကုလားထိုင်အသစ်များကို လက်ခံရရှိခဲ့ပါသည်။ “အကောက်ခွန်ဌာနက ကူညီပေးတဲ့အတွက် တပည့် တွေရဲ့ စာသင်စားပွဲနှင့် ကုလားထိုင် လိုအပ်ချက်ကို ချက်ချင်းပဲ ဖြည့်စွက်ပေးလိုက်ပါတယ်”ဟု ၎င်းကျောင်း၏ ကျောင်းအုပ်ကြီးရှောင်ကျုံလင်က စိတ်အားထက်သန်စွာ ပြောပြပါသည်။

ယခုရက်ပိုင်းတွင် ဖန်လွယ်ရွှေသော့မျှော်လင့်ချက် မူလတန်းကျောင်း၏ စာသင်စားပွဲနှင့် ကုလားထိုင် ပျက်စီးမှုဆိုးဝါးသောအခြေအနေကြောင့် ၎င်းကျောင်းသူကျောင်းသားများသည် စာရေးစာဖတ်ခြင်းအပေါ် သက်ရောက်မှုများရှိသကဲ့သို့ စာသင်ခန်းအပေါ် အာရုံစူးစိုက်မှုကိုလည်း ထိခိုက်စေခဲ့ပါသည်။ သို့ဖြစ်၍ ကျန်းဖုန်အကောက်ခွန်ဌာနသည် စာသင်စားပွဲနှင့် ကုလားထိုင် ၁၅၀ ခုကို ချက်ချင်း မှာယူပြုလုပ်ကာ ဖန်လွယ်ရွှေသော့မျှော်လင့်ချက် မူလတန်းကျောင်းအား လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ကျောင်းသူကျောင်း သားများ၏ ကျောင်းသားဘဝက ပိုမိုပြည့်စုံစေရန် ဘတ်စကတ်ဘော၊ ဘော်လီဘောနှင့် အခြား အားကစားပစ္စည်းများ လှူဒါန်းခဲ့သည်။

“ကျွန်တော်တို့ ကျန်းဖုန်အကောက်ခွန်ဌာနဟာ ရေရှည်ထောက်ပံ့မှုစနစ်ကို ထူထောင်သွားပါမယ်။ ကျောင်းသူကျောင်းသားတွေ ပြုစုစောင့်ရှောက်မှု ပိုပြီး လက်တွေ့ကျကျ ပံ့ပိုးပေးချင်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာသော ဖွံ့ဖြိုးမှုကို စောင့်ရှောက်ပေးပါမယ်”ဟု ကျန်းဖုန်အကောက်ခွန်ဌာနမှ ဒုတိယတာဝန်ရှိသူ ဖန်ရှူတုန်က ပြောပြပါသည်။