
2021-06-04 18:24:41 |သတင်းအရင်းအမြစ် CRI

ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတရှီကျင့်ဖျင်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အရပ်ဖက်ချစ်ကြည်ရေးဖိုရမ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖျင်က ဘက်အသီးသီးတို့အနေနှင့် “ရှန်ဟိုင်းစိတ်ဓာတ်”ဖြင့် မူရင်းစိတ်ကို စွဲကိုင်ပြီး တစ်လှေ တည်းစီးကာ အပြန်အလှန် ကူညီဖေးမ၍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ အရပ်ဖက် သံတမန်ရေး အားသာချက်ကို အသုံးပြုပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ကြွစွာ အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြ ပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အရပ်ဖက်ချစ်ကြည်ရေးဖိုရမ်ကို တရုတ် ပြည်သူ့ နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်း၊ ဟူပေပြည်နယ် ပြည်သူ့အစိုးရ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီတို့ ပူးတွဲ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ၃ ရက်နေ့က ဟူပေပြည်နယ် ဝူဟန့်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။