[COP 15]ဝက်ပါးစပ်နှင့်တူသောငါးကို မြင်ဖူးပါသလား

2021-06-07 15:10:48 |သတင်းအရင်းအမြစ် 新华网

Semilabeo obscurus ငါးသည် တရုတ်နိုင်ငံတွင် ရှားပါးပြီး မျိုးသုဉ်းမှုအန္တရာယ်ရှိတိရစ္ဆာန် ဖြစ်ကာ ကျူးကျန်း မြစ်ရေစနစ်ထဲတွင် အဓိကရှိသည်။ Semilabeo obscurus ငါးနှုတ်ခမ်းသည် ဝက်ပါးစပ်နှင့် အလွန်တူသော ကြောင့် ‌ဒေသခံများက ၎င်းအား “ဝက်ပါးစပ်ငါး”ဟုခေါ်လေ့ရှိသည်။ Semilabeo obscurus ငါးသည် ၎င်း သက်ရှင်နေထိုင်သည့် ရေ အရည်အသွေး‌ပေါ် တောင်းဆိုမှုအလွန်မြင့်မားပြီး အလွန်အကဲ ဖမ်းယူခြင်းများကြောင့် အလွန်ရှားပါးလျက်ရှိကာ မျိုးသုဉ်းမှုအန္တရာယ်ရှိနေပြီဖြစ်ပါသည်။


“ဝက်ပါးစပ်ငါး”နှင့်အခြားသောရှားပါးဒေသငါးအမျိုးအနွယ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ယူနန်ပြည်နယ် ချူကျင့်မြို့ လုဘုကဲရွာ ရေနေထုတ်ကုန်ဌာန၏ ဌာနမှူး လျောရှင်းနှင့်သူ၏အဖွဲ့သားများသည် (၂၀၁၁)ခုနှစ် ကတည်းကစပြီး ကျူးကျန်းမြစ်ရေစနစ် တိုင်းရင်းဒေသငါးများကို မွေးမြူခြင်း လုပ်ဆောင်ခဲ့သည်။ ဌာနေငါးများ ဖန်တီးမွေးမြူခြင်းကို သုတေသနပြုလုပ်ခဲ့ပြီး အကြီးစားဂေဟစနစ် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်‌ဆောင် ချက်ကို လုပ်ဆောင်ခဲ့သည်။

(၁၀)နှစ်နီးပါးကြိုးပမ်းခဲ့ရာမှ ကျူးကျန်းမြစ်ရေစနစ် ဌာနေတိုင်းရင်းငါးမွေးမြူရေးအလုပ်မှာ စတင်အကျိုး သက်ရောက်မှုများ ရရှိလာပြီဖြစ်ပါသည်။