ယခုလ ၈ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖျင်သည် ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ ကန်ချာ ခရိုင်သို့ လာရောက်ပြီး ချင်းဟိုင်ကန် ရှန်းနျူဝမ်းတွင် ချီလျန်တောင်နှင့် ချင်းဟိုင်ကန်၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအကြောင်းနှင့် ပတ်သက်သော မိတ်ဆက်ခြင်းကို နာကြားကာ ချင်းဟိုင်ကန်၏ သဘာဝ ပတ်ဝန်းကျင် ဘက်စုံပြုပြင်ရေး၊ ဇီဝမျိုးစုံ တည်ရှိခြင်း ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း၏ အကျိုး သက်ရောက်မှုများကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြောင်း၊ ထို့နောက် ရှီကျင့်ဖျင်သည် ရှားလျိုဟို မြို့နယ် ကိုလို့ဇန့်ကုန်မာရွာသို့ လာရောက်ပြီး ဇန့်လူမျိုး ပြည်သူများကို ကြည့်ရှုပြီး နှစ်သိမ့်အားပေးကာ ဇန့်လူမျိုး ပြည်သူများ၏ အိမ်တွင်း ဝင်ရောက်၍ ၎င်းတို့၏ ထုတ်လုပ်မှုနှင့် နေထိုင်မှု အကြောင်းများကို သိရှိရန် လေ့လာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။