လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပ

2021-06-11 11:15:30 |သတင်းအရင်းအမြစ် 新华网

ယခုလ ၈ ရက်နေ့က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆဋ္ဌမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်ပြည် ချုံချင့်မြို့တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ပူးတွဲဥက္ကဋ္ဌအနေနှင့် အစည်း အဝေးကို ကြီးမှူးကျင်းပခဲ့ကြသည်။ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay၊ ကမ္ဘောဒီးယားနိုင်ငံ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး Blasoquin၊ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးDonနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးBui Thanh Sonတို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။

ဝမ်ယိက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် မြစ်ဝှမ်းဒေသ ၆ နိုင်ငံတို့မှ အတူတိုင်ပင်ပြီး အတူတည်ဆောက်ကာ၊ အတူမျှဝေခံစားကြသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးစနစ်အသစ်ဖြစ်ပြီး၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာ ခဲ့ရုံသာမက အောင်ကျိုးရလဒ် များစွာရရှိနိုင်ခဲ့ ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်ကြသည့် နိုင်ငံခြားရေးဝန်ကြီးများက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အားဖြည်ပြုလုပ်ခြင်းသည် စိန်ခေါ်မှုများနှင့် ပိုမိုကောင်းမွန်စွာ အတူ ရင်ဆိုင်ရန်အတွက် အထောက် အကူပြုသွားစေမည်ဟု မှတ်ယူကြသည်။