ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ကူမင်းမြို့ ရဲစခန်းတစ်ခုတွင် လူကုန်ကူးခံရသော ကလေးငယ် “ကျောင်းကျောင်း”နှင့် သူ၏မိဘများ ပြန်လည်ဆုံစည်းနိုင်ခဲ့သည်။ ကျောင်းကျောင်းပျောက်ဆုံးခဲ့သည်မှာ (၆)နှစ်ရှိပြီဖြစ်ပြီး လူကုန်ကူးခံရချိန်တွင် သူမသည် အသက်(၃)နှစ်သာရှိသေးသည်။
“သမီးရေ... အမေနောက်ဆုံးတော့ သမီးကို ရှာတွေ့ပြီ” ဟူသော သမီးငယ်ကျောင်းကျောင်း၏မိခင်ဖြစ်သူ၏ စကားတစ်ခွန်းကြောင့် ပရိသတ်အပေါင်း မျက်ရည်ကျခဲ့ရခြင်းဖြစ်သည်။
ကျောင်းကျောင်းတို့မိသားစု ပြန်လည်ဆုံစည်းခွင့်ရရှိခြင်းမှာ “ပြန်လည်ပေါင်းစည်းရေးလှုပ်ရှားမှု”၏ အကျိုးကျေးဇူးကြောင့် ဖြစ်သည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အမျိုးသားပြည်သူ့လုံခြုံရေး အဖွဲ့များချမှတ်ခဲ့ပြီး “ပြန်လည်ပေါင်းစည်းရေးလှုပ်ရှားမှု”ပြုလုပ်ခဲ့သည်။ “လူကုန်ကူး DNA စနစ်”ကျင့်သုံးပြီး ကလေးများ လူကုန်ကူးခြင်းနှင့် လူကုန်ကူးသော သံသယရှိသည့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးကာ လူကုန်ကူးခံရသော ကလေးများအား ပြန်လည်ရှာဖွေသည်။ “ပြန်လည်ပေါင်းစည်းရေးလှုပ်ရှားမှု” စတင်ပြီးနောက် ယခုထိတိုင် ပြန်လည်တွေ့ရှိခဲ့သော လူကုန်ကူးခံခဲ့ရသည့် ကလေးအရေအတွက်မှာ (၁၇၀၀)ဦးကျော်ရှိပြီဟု ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ ပြည်သူ့လုံခြုံရေး စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။