မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားအနီးဝန်းကျင်တွင် နေထိုင်သော အာရှဆင် များသည် မြောက်ဘက်တလျောက်သို့ ဆက်လက်ရွေ့လျားနေပြီး ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့ကို ရောက်ရှိနေပါသည်။ ဇွန်လ ၇ ရက်နေ့တွင် လျှောက်သွားရင်း ပင်ပန်းလာသဖြင့် ဆင်အုပ်စုသည် ရှေ့ဆင့်နောက်ဆင့် အိပ်ပျော်သွားခဲ့ပြီး ယခုအကြိမ် ဝေးလံသောခရီးသွားခြင်းအား ယာယီရပ်ဆိုင်းလိုက် ပုံရပါသည်။
ဆင်အုပ်စုတို့ အိပ်ကြရာတွင် ဆင်ကလေးများအား အန္တရာယ်ဖြစ်မည် စိုးရိမ်သောကြောင့် ဆင်ကြီးများက ဆင်ကလေးတို့အား အလယ်တွင်ထားကာ ဝန်းရံထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြပါသည်။ နက်ရှိုင်း သော ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ပြနေပါသည်။