ယူနန်တယ်ဟုန်ပြည်နယ်ခွဲ၏ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏမှာ တရုတ်-မြန်မာ ကုန်သွယ်မှု၏ လေးပုံတစ်ပုံတွင် ဆက်လက်တည်ရှိ

2021-06-11 18:30:24 |သတင်းအရင်းအမြစ် 中国新闻网

ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် နယ်စပ်သုံးခုတွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏမှာ တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏ၏ လေးပုံတစ်ပုံတွင် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိလျက်ရှိပြီး တရုတ်ယူနန်-မြန်မာ ကုန်သွယ်ရေးပမာဏ၏ သုံးပုံနှစ်ပုံဝန်းကျင်ခန့်ရှိပါသည်။ မြန်မာနိုင်ငံထွက် အပူပေးထားတဲ့ပိုးအိမ် များသည်ပုံမှန်ကုန်သွယ်ရေးနည်းလမ်းဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။ ကြံ၊ သစ်သီးဝလံနှင့် စွမ်းအင် စသည့်ကုန်စည်များသွင်းကုန်ပမာဏသည် ဆက်လက်တိုးမြှင့်လာပါသည်။ အကောက်ခွန်မှတဆင့် တင်သွင်းသည့် တရုတ်တိုင်းရင်းဆေးဘက်ဝင်ပစ္စည်းများမှာ တရုတ်နိုင်ငံ၏ ပထမနေရာတွင် ရှိပါသည်။

ဒေသတွင်း နိုင်ငံဖြတ်ကျော်ကုန်စည်များကို ပို့ဆောင်ရေးအပိုင်းအခြားများဖြင့် အကောင်အထည်ဖော်ခြင်းနှင့် တစ်ခုလုံးစီမံအုပ်ချုပ်ခြင်းကို ကျင့်သုံးခြင်းသည် ကုန်စည်စီးဆင်းရေးကို ချောမွေ့စေပါသည်။ အနာဂတ်တွင် တရုတ်-မြန်မာ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရန် ဒေသခံတာဝန်ရှိသူက ပြောကြားပါသည်။