ဆင်နောက်လိုက်သူ။ ။ ဆင်များ မူလကျက်စားရာနေရာသို့ ပြန်သွားနိုင်ရန် ကူညီခြင်း

2021-06-16 18:52:12 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားမှ မြောက်ပိုင်းသို့ ရွေ့လျားသွားလာနေသော ဆင်အုပ်စုမှာ ယခုချိန်ထိ ယွီရှီးမြို့ ရီမိန်ခရိုင် ရှီကျဲရွာအနီးနားတဝိုက်တွင် လှုပ်ရှားသွားလာနေဆဲဖြစ်သည်။ အထီးကျန်ဆင် တစ်ကောင်မှာ ဆင်အုပ်စုနှင့် (၇)ရက်တိုင်ကွဲကွာနေပြီး ဇွန်လ(၁၁)ရက်နေ့တွင် အန်နင်မြို့မှထွက်ခွာကာ တောင်ဘက် (၆.၁၅)ကီလိုမီတာခန့် လျှောက်လှမ်းသွားလာခဲ့ပြီး ဂျင်နင်ခရိုင်အတွင်း ဝင်ရောက်ခဲ့သည်။ ဆင်အုပ်စုနှင့် (၁၄.၃)ကီလိုမီတာ ကွာဝေးနေပြီး လူရောဆင်ပါ လုံခြုံစိတ်ချရသောအနေအထားရှိသည်။

လူနှင့်ဆင်အတိုက်အခိုက်မဖြစ်ပွားစေရန် သစ်တောမီးသတ်အဖွဲ့သည် “ဆင်နောက်လိုက်သူ”အုပ်စုအတွင်း ပါဝင် ပူးပေါင်းခဲ့သည်။ ထောက်လှမ်းရေး၊ ဆက်သွယ်ရေးနှင့် ညွှန်ကြားရေးကိရိယာများ စသည်တို့ဖြင့် ဆင်များ သွားလာ သောလမ်းကြောင်းကို ခြေရာခံခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်သည်။ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ ဟွန်းတီးခြင်း၊ အစားအစာများချထားပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆင်အုပ်စု၏ လှုပ်ရှား သွားလာမှုကို ကြားဝင်စွက်ဖက်ခဲ့ပြီး ကျေးရွာများ၊ မြို့များ စသည့်လူနေထူထပ်သောဒေသများသို့ ဆင်များ ဝင်ရောက်ခြင်းကို အကြိမ်ကြိမ် အောင်မြင်စွာတားဆီးနိုင်ခဲ့သည်။ ထို့အတူ ယူနန်ပြည်နယ်တွင် မိုးရွာခြင်း၊ အပူချိန်လျော့ကျစေခြင်း စသည့် အကျိုးသက်ရောက်မှုရှိသောနည်းလမ်းများ၊ သိပ္ပံနည်းကျ သင့်လျော်သော အစားအစာဖြင့် လမ်းပြခြင်း၊ လမ်းများပိတ်ဆို့ခြင်း စသည့်နည်းလမ်းများကိုအသုံးချကာ မြောက်ပိုင်းပြောင်းရွေ့ သွားလာသော ဆင်အုပ်စုကို သင့်တော်သောဆင်ကျက်စားရာနေရာသို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားကြ မည်ဖြစ်ပါသည်။