တရုတ်နိုင်ငံအခြေစိုက် လာအိုနှင့် ဗီယက်နမ်နိုင်ငံ သတင်းထောက်များမှ လွတ်လပ်သောကုန်သွယ်မှုရှေ့ပြေးဇုန် ကူမင်းဒေသအထွေထွေဝန်ဆောင်မှုစင်တာကို ချီးမွမ်းခဲ့ကြ

2021-06-18 17:35:31 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်း တရုတ်နိုင်ငံအခြေစိုက် လာအို၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများမှ သတင်းထောက် တို့သည် တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်မှုရှေ့ပြေးဇုန် ကူမင်းဒေသ အထွေထွေဝန်ဆောင်မှု စင်တာ (အောက်တွင် “အထွေထွေဝန်ဆောင်မှုစင်တာ”ဟု အတိုချုံးရေးသားမည်) သို့ သွားရောက် လေ့လာခဲ့ကြသည်။

အထွေထွေဝန်ဆောင်မှုစင်တာသည် အင်တာနက်ကွန်ရက်၊ ကုန်စည်သယ်ပို့ရေးကွန်ရက်၊ Big Data စသည့်ခေတ်ရှေ့ပြေးဆန်းသစ်သောနည်းပညာများကို အမှီပြုပြီး လူထုနှင့် လုပ်ငန်းများအတွက် စမတ် ကျသော၊ သက်သာသော၊ လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုရရှိနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ စီမံခန့်ခွဲမှုဌာနများအတွက်‌ အသေးစိတ်တိကျသော၊ စမတ်ကျသော စီမံခန့်ခွဲမှု နည်းလမ်းများကို ထောက်ပံ့ပေးပြီး အစိုးရဝန်ဆောင်မှုခန်းမ၏ ဝန်ဆောင်မှု စွမ်းဆောင်ချက်များကို ပိုမိုမြင့်တင်ပေးပါသည်။

(၂၄)နာရီ ကိုယ်တိုင်ဝန်ဆောင်မှုအထူးဇုန်တွင် လတ်တလောတွင် လုပ်ငန်းလိုင်စင်ရရှိသည့် မစ္စတာ ကောင်းနှင့် သတင်းထောက်များ တွေ့ဆုံခဲ့သည်။ မစ္စတာကောင်းသည် ယခုရက်ပိုင်းတွင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဖွင့်လှစ်ရန်အတွက် စီစဉ်နေပြီး ယမန်နေ့က အထွေထွေဝန်ဆောင်မှု စင်တာသို့ လာ၍ မှတ်ပုံတင်ခဲ့သည်။ ယနေ့နံနက်(၉)နာရီအချိန်တွင် လုပ်ငန်းလိုင်စင်ရယူနိုင်သည့် အကြောင်းကြား ချက် ရခဲ့သည်။ မစ္စတာကောင်းသည် မှတ်ပုံတင်အား ကိုယ်တိုင်ဝန်ဆောင်မှုစက်ပေါ်တွင် တင်ပြီး လူမျက်နှာအသိမှတ်ပြုမှုပြုလုပ်ကာ (၅)စက္ကန့်အတွင်း လုပ်ငန်းလိုင်စင်ကို ရယူနိုင်ခဲ့သည်ကို အားလုံး မျက်မြင်တွေ့ရှိခဲ့သည်။ ထို့နောက် ဝန်ထမ်းများမှ မစ္စတာကောင်းကို တရားဝင် လုပ်ငန်းတံဆိပ် ရယူ နိုင်ကြောင်း အသိပေးသည်။ လုပ်ငန်းတံဆိပ်ပြုလုပ်သည့်စရိတ်အား အစိုးရမှ ကျခံခြင်းဖြစ်သည်။ မစ္စတာကောင်းသည် အထွေထွေဝန်ဆောင်မှုစင်တာမှ မထွက်ခွာမီ ပြည့်စုံသောဝန်ဆောင်မှုအတွက် စင်တာကို အထူးချီးမွမ်းခဲ့သည်။

အထွေထွေဝန်‌ဆောင်မှုစင်တာအပေါ် ချီးမွမ်းနေသူတွင် လာအို Pathet Lao သတင်းဌာနမှ သတင်းထောက်ဖုံမုံနီ.ဖေးဇမော်န လည်းပါရှိသည်။ သူမထင်မြင်ချက်မှာ အထွေထွေဝန်ဆောင်မှု စင်တာ သည် လွယ်ကူထိရောက်သော အစိုးရရေးရာဝန်ဆောင်မှုများဖြင့် ကောင်းမွန်သော လုပ်ငန်းလည်ပတ် သည့် ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ခဲ့သည်။ “သတင်းယူခြင်းဖြင့် ပိုများသော လာအိုပြည်သူများကို ယူနန်မှပြင်ပသို့ ဖွင့်လှစ်သည့် ရလဒ်အသစ်များကို သိကျွမ်းရန် ကျွန်မ မျှော်လင့်ပါသည်။ လာအိုလုပ်ငန်း များ ယူနန်သို့လာရောက်ပြီး ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ကျွန်မအကြံပေးသွားမည် ဖြစ်ပါသည်။”

ထို့နောက် သတင်းထောက်များက “လုပ်ငန်းတစ်ခု၊ လက်မှတ်တစ်ခု”လုပ်ဆောင်သည့်ကောင်တာသို့ ရောက်ရှိခဲ့သည်။ ဤနေရာတွင် လုပ်ငန်းလုပ်ဆောင်သူမှာ စာရွက်စာတမ်းတစ်စုံ၊ လျှောက်လွှာတစ်စောင် ဖြည့်စွက်ရန်သာ လိုအပ်သည်။ ယခင်က ကောင်တာ(၄)ခု၌ လုပ်ဆောင်ရမည့် လက်မှတ်(၄)ခုလုံးကို ဤ နေရာတစ်ခုတည်းတွင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ လုပ်ငန်းများ၏ လူစွမ်းအားအရင်းအမြစ်၊ အချိန်အရင်းအမြစ်များကို များစွာလျော့နည်းစေခဲ့သည်။ ပါကစ္စတန် Associated Press သတင်းဌာနမှ သတင်းထောက် အက်စကျာ အလ်.မိုဟာမက်မှလည်း အထူးအံ့အားသင့်ဖွယ် တိုးတက်မှုများကို မြင်တွေ့ ခဲ့သည်။ “အံ့ဖွယ်ဖွံ့ဖြိုးတိုးတက်မှု”ဟူသော စကားရပ်ဖြင့် တရုတ်(ယူနန်) လွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးဇုန် ကူမင်းဒေသကို ရည်ညွန်းဖော်ပြခဲ့သည်။

သတင်းယူသည့်အချိန်အတွင်း ထိုင်းနိုင်ငံ အွန်လိုင်းဆယ်လီ ချိန်မူကျွင်းသည် ထိုင်းဘာသာစကားပြောဆို နိုင်သည့် ဝန်ထမ်းကိုတွေ့မြင်ခဲ့သည်။ ရင်းနှီးမှုကိုခံစားခဲ့ရသည်။ “ဤအသေးစိတ်အပိုင်းများသည် အထွေထွေ ဝန်ဆောင်မှုစင်တာမှ ပြည်ပကုန်သည်များ၊ ပြည်ပလုပ်ငန်းများအတွက် ရင်းနှီးနွေးထွေးသော ဝန်ဆောင်မှု ပေးနိုင်သည်ကို ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။”