ဘာကြောင့်ဒီနေရာကအင်ဂျင်စက်တွေက အရမ်းရောင်းကောင်းနေရသလဲ

2021-06-18 17:37:03 |သတင်းအရင်းအမြစ် 云南日报

ညနေ(၃)နာရီတွင် ကူမင်းယူနေစွမ်းအားကုမ္ပဏီလီမိတက် ချိန်ချယ်လုပ်ငန်းဌာနသည် “အပေါ်အောက် အားလုံး လုပ်ငန်းစတင်လုပ်ဆောင်”နေသည်။ အလိုအလျောက် စမတ်ထုတ်လုပ်ရေးလိုင်းသည် စနစ် တကျလုပ်ငန်းလည်ပတ် လုပ်ဆောင်နေသည်။ သယ်ပို့ချိန်းကြိုးသည် အရှိန်မှန်မှန်ဖြင့် အင်ဂျင်စက် အစိတ်အပိုင်းများကို ပို့ဆောင်လျက်ရှိသည်။ “စက်ယန္တရားလက်”သည် စက်အစိတ်အပိုင်းများကို တိကျစွာ ယူဆောင်ပြီး တပ်ဆင်နေသည်။ ယခုရက်ပိုင်း လာအို၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများမှ တရုတ်နိုင်ငံ အခြေစိုက်သတင်းထောက်များသည် ဤအရှိန်မြင့် ဆောင်ရွက်နေသည့် စမတ်ပုံစံ ထုတ်လုပ်မှုကို ဆောင်ရွက်နေသည့် အမှတ်တံဆိပ်ဟောင်း နိုင်ငံပိုင်လုပ်ငန်းကို လာရောက် လေ့လာခဲ့ကြ သည်။ “ယူနေစွမ်းအား”အင်ဂျင်စက်များ ရောင်းကောင်းရသည့် အကြောင်းအရင်းကို စူးစမ်းလေ့လာခဲ့ ကြသည်။

“ယမန်နှစ်က ကျွန်‌တော်တို့ရဲ့ အင်ဂျင်စက်ထွက်နှုန်းပမာဏသည် လက်ရှိ(၁၀)နှစ်အတွင်း အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်” ဟု ချိန်ချယ်လုပ်ငန်းဌာနအလုပ်ရုံတာဝန်ရှိသူမှ ဤ “စိတ်ကူးနှင့်မတူ” သော စစ်မှန်သည့်ကိစ္စရပ်ကို မိတ်ဆက်လိုက်သည့်အခါ အားလုံးက အထူးအံ့အားသင့်ခဲ့ကြသည်။ ကိုဗစ် ကပ်ရောဂါဖြစ်ပွားသောကာလအတွင်း ဤသို့သော အံ့ဖွယ်ကိစ္စကို မည်သို့တည်ထောင်လိုက်သနည်း။

ယမန်နှစ်က ယူနေစွမ်းအင်အတွက် အကျပ်အတည်း ဖြစ်ခဲ့သလို အခွင့်အလမ်းလည်းဖြစ်ခဲ့သည် ဟု အလုပ်ရုံ တာဝန်ရှိသူကရှင်းပြခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရင်ဆိုင်ရင်း ယူနေစွမ်းအင်သည် လုပ်ငန်းပြန်လည်လည်ပတ် ထုတ်လုပ် သည့် အခွင့်အလမ်းကိုဆုပ်ကိုင်ပြီး အစိတ်အပိုင်းများ ထောက်ပံ့မှုမလုံလောက်ခြင်း၊ ထုတ်လုပ်မှု အင်အား မလုံလောက်ခြင်း စသည့်ပြဿနာများကို ဖြတ်‌ကျော်ခဲ့သည်။ ထို့အတူ ဝယ်ယူအသုံးပြုသူများ၏ လိုလားချက်အလိုက် ပြောင်းလဲပြီး အရှိန်မြင့်ဖြေရှင်းခဲ့သည်။ ကုန်ပစ္စည်းစွမ်းဆောင်ရည်ကို အဆက် မပြတ် မြှင့်တင်၊ ကုန်ပစ္စည်းအရည်အသွေးနှင့် စျေးနှုန်းနှိုင်းယှဉ်အားကို မြှင့်တင်ခဲ့သည်။ လုပ်ငန်း အတွင်းပိုင်း၏ “အခက်အခဲ အခြေအနေ” ကို ထိုးဖောက်နိုင်ခဲ့သည်။ အထူးသဖြင့် ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် “နိုင်ငံတော်အဆင့် အမှတ်ခြောက်” အင်ဂျင်စက်သည် အစိမ်းရောင် ကာဗွန်နည်းပါးသည့် အသုံးပြုအလားအလာနှင့် ကိုက်ညီသောကြောင့် ပြည်တွင်းမှာယူမှုအဆက်မပြတ် ရရှိပြီး စျေးကွက်တွင် ရောင်းအားအလွန် ကောင်းမွန်ခဲ့သည်။

 

ပါကစ္စတန် Associated Press သတင်းဌာနမှ သတင်းထောက် အက်စကျာအလ်.မိုဟာမက်က တစ်ကမ္ဘာ လုံး၏ စက်မှုလောကမှ အထူးစိတ်ဝင်စားသော “ထုတ်လွှတ်မှုသုည” မေးခွန်းကို မေးမြန်းခဲ့သည်။ တရုတ် နိုင်ငံမှ ၂၀၆၀ ခုနှစ်မတိုင်မီ ကာဗွန်လျော့ပါးမှုကို ကြိုးပမ်းဖြစ်မြောက်စေမည်ဟု ဝန်ခံဂတိပြုခဲ့ရာ အင်ဂျင် စက်လုပ်ငန်းများမှ မည်သို့လုပ်ဆောင်မည်နည်း ဟုမေးခဲ့သည်။ ယခုရောင်းအားကောင်းနေသည့် နိုင်ငံတော်ထုတ်လွတ်မှုစံနှုန်းနှင့်ကိုက်ညီသော “နိုင်ငံအဆင့်အမှတ်ခြောက်”အင်ဂျင်စက်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းပြီး စွမ်းအင်ချွေတာသော အသေးစားလုပ်ငန်းသုံး မော်တော်ကားဓါတ်ဆီ အင်ဂျင်စက်မော်ဒယ်များ၊ Hybrid အင်ဂျင်စီမံကိန်းများကို စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ ကြောင်း၊ ၎င်းနှင့်ကိုက်ညီသော စမတ်ထုတ်လုပ်မှုလိုင်းနှင့် စမတ်ရောင်းချပြီး ဝန်ဆောင်မှုများကိုလည်း ပူးတွဲလုပ်ဆောင်နေကြောင်း အလုပ်ရုံတာဝန်ရှိသူမှ ဖြေကြားခဲ့ပါသည်။

လွန်ခဲ့သော(၅)နှစ်အတွင်း ယူနေစွမ်းအင်အင်ဂျင်စက် ကုန်ပစ္စည်းရောင်းအားပမာဏသည် (၂.၁၇၅) သိန်းမှ ယခု(၆)သိန်းအထိတိုးမြင့်နိုင်ခဲ့သည်။ ယူနေစွမ်းအင်မှ စက်မှုလုပ်ငန်းကို အင်တာနက်ကွန်ရက်၊ Big Data, AI တို့နှင့်အရှိန်အဟုန်ပူးတွဲရောစပ်ခြင်းအကျိုးကြောင့် အလုပ်ဝန်ထမ်းများမှ အကျိုး သက်ရောက်မှု မြင့်မားသော၊ သင်ယူမှုအခွင့်အရေးပိုများသော၊ အလုပ်အတွင်းမှ ရလဒ်ခံစားမှုများပြား သော၊ အလုပ်အကျိုးခံစားခွင့် ပိုမိုကောင်းမွန်သည်ကို နက်ရှိုင်းစွာခံစားခဲ့ရကြောင်း အမှတ်(၁) အလုပ်ရုံဝန်ထမ်းက ပြောသည်။

ဝန်ထမ်းများမှ ကျွမ်းကျင်စကားရပ်များကို လိုက်လံစစ်ဆေးပြီး လေ့လာလည်ပတ်ခဲ့ကြသည်။ စမတ်၊ ပေါ့ပါး၊ ပတ်ဝန်းကျင်ထိန်းသိမ်း၊ ဆန်းသစ် စသည့်စကားရပ်များဖြင့် ပြည်တွင်းပြည်ပ သတင်းထောက်များ က ဤလေ့လာမှုကို နိဂုံးချုပ်လိုက်ကြပါတော့သည်။