တယ်ဟုန်ပြည်နယ်ခွဲသည် ခေတ်နှင့်အညီ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးစနစ် တည်ဆောက်လျက်ရှိ

2021-06-18 17:40:44 |သတင်းအရင်းအမြစ် 德宏发布

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအခြေအနေတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် တည်ရှိသော ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် သတင်းအချက်အလက်ပုံစံ တည်ဆောက်ရေးဖြင့် ကပ်ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် နယ်စပ်ဒေသထိန်းချုပ်ရေး စသည့်လုပ်ငန်းများကို မြှင့်တင်ဖော်ဆောင်လျက် ရှိနေပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး၏ လိုအပ်ချက် ဖြည့်တင်းရန် နျူကလစ်အက်ဆစ် စမ်းသပ်စစ်ဆေးမှု Big Data အောင်မြင်မှုကို အပြည့်အ၀ အသုံးပြုကာ လူသားစီမံခန့်ခွဲမှုအား ဗဟိုပြုပြီး သတင်းအချက်အလက်ပလက်ဖောင်း၏ ဝန်ဆောင်မှု အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး App နှင့် ပလက်ဖောင်းကို ပေါင်းစပ်ဖော်ထုတ်ရေး၊ အတူတည်ဆောက်ကာ အတူမျှဝေခြင်းကို တွန်းအားပေးကာ ပေါင်းစည်းသော စနစ်နှင့်ဒေတာကို ပေါ်ထွန်းစေပြီး ရှေ့တန်းဌာနများမှ ၎င်းအား အသုံးပြုရာတွင် အဆင်ပြေမှုနှင့် အလုပ်တွင်ကျယ်မှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးဂိတ်၊ စူပါမားကတ်၊ ဟင်းသီးဟင်းရွက်စျေး၊ ဟိုတယ်နှင့် တည်းခိုခန်းစသည့်အရေးကြီးသောနေရာများတွင် QR code ဖတ်ရှုပြီးမှ ဝင်ထွက်ခွင့်ပြုရန် ဆောင်ရွက်ချက်ကို တင်းကျပ်စွာ ကျင့်သုံးကာ သတင်းအချက်အလက် သိပ္ပံနည်းစနစ်ဖြင့် ရပ်ကွက်စီမံခန့်ခွဲမှုတွင် ဘက်ပေါင်းစုံမှ ဖြန့်ဖြူးအသုံးပြုပြီး လူသားတို့ အဝင်အထွက်အခြေအနေကို တိကျမှန်ကန်စွာ သိရှိရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးတို့သည် ကျွမ်းကျင်မှုဒေတာများ အပြန်အလှန် ချိတ်ဆက်မှုကို မြှင့်တင်ကာ ကြီးမားသော သတင်းအချက်အလက် စုပေါင်းအင်အား ဖြစ်ပေါ်စေရန် ခေတ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစနစ်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ဒေသခံသက်ဆိုင်ရာတာဝန်ရှိသူက ပြောပါသည်။