အရပ် (၁၇၅)စင်တီမီတာရှိ ကြည်းတပ်စစ်သမီး

2021-06-23 17:40:16 |သတင်းအရင်းအမြစ် 央视新闻

ဤမိန်းကလေး(၁၀)ဦးသည် ကြည်းတပ်လေကြောင်းစစ်ရေးကျောင်းမှ အမျိုးသမီးလေယာဉ်မှူးသင်တန်းသူများ ဖြစ်ကြသည်။ ဇွန်လ(၂၀)ရက်နေ့တွင် ကျောင်းဆင်းပွဲစာမေးပွဲအားလုံးကို အောင်မြင်ခဲ့ကြပြီး ကျောင်းသူဘဝမှ တိုက်ပွဲဝင်ရဲဘော်အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် သူမတို့သည် နိုင်ငံအဝှမ်းရှိ (၁.၂)သိန်းသော အထက်တန်းအောင်များထဲမှ ထူးချွန်စွာ အရွေးချယ်ခံကြရသူများဖြစ်သည်။ အမျိုးသမီးလေယာဉ်မှူးရွေးချယ်ရာတွင် အလွန်တင်းကျပ်သော စည်းကမ်းများဖြင့် ရွေးချယ်ပါသည်။ အရပ်အမြင့်သည် (၁၆၅)မှ(၁၈၅)စင်တီမီတာအတွင်း ရှိရပြီး ကိုယ်အလေးချိန်သည် ပုံမှန်စံနှုန်းကိုယ်အလေးချိန်၏ (၈၅%)မှ(၁၂၀%)အတွင်းရှိရမည်ဖြစ်သည်။ မျက်စိနှစ်ဖက် အမြင်အာရုံသည် (၀.၈)အထက်ရှိရပြီး အ‌ရောင်မျက်စိကွယ်ခြင်း၊ အရောင်အားနည်းခြင်းမရှိရပါ။

စစ်ပညာသင်(၄)နှစ်တာကာလအတွင်း သူမတို့သည် ခက်ခဲသောလေ့ကျင့်မှုများစွာကို ဖြတ်သန်းခဲ့ကြရသည်။ ယခုအကြိမ်စာမေးပွဲတွင် ဘာသာရပ်(၁၃)ခုဖြေဆိုရာ စစ်ရေးအခြေခံ၊ လေယာဉ် ပျံသန်းကျွမ်းကျင်မှု၊ လေယာဉ်ပျံသန်းသီအိုရီ အစရှိသည်တို့ပါဝင်သည်။ ကျောင်းသူများသည် ဘာသာရပ်အားလုံးကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်။

မိမိတို့၏အိပ်မက်ကို ဖြစ်မြောက်အောင်လုပ်ဆောင်နေသည့် မိန်းကလေးများသည် ပိုမိုကျယ်ပြန့်သော မိုးကောင်းကင်ကြီးထဲသို့ ပျံသန်းတော့မည်ဖြစ်ရာ သူမတို့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။