Pingguo နေ့စဉ်သတင်းစာ ပိတ်ထားခြင်းအပေါ် ဥရောပသမဂ္ဂ ပြင်ပဆောင်ရွက်ရေးရုံးမှ ဒေသစံတော်ချိန် ဇွန်လ ၂၃ ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ Apple နေ့စဉ်သတင်းစာ၏ ဟောင်ကောင်လုပ်ငန်းကို ရပ်စဲခြင်းသည် တရုတ်နိုင်ငံအနေနှင့် “နိုင်ငံတော်လုံခြုံရေးဥပဒေ”ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် လွတ်လပ်စွာ သတင်းထုတ်ပြန်မှုနှင့် ပြောဆိုခွင့်ကို တားဆီးကာ မီဒီယာ၏လွတ်လပ်ခွင့်နှင့် တစ်မျိုးတည်းမက ရှိနေမှုကို ပြင်းထန်စွာ ထိခိုက်၍ နိုင်ငံတကာ စီးပွားကုန်သွယ်ရေးစင်တာအဖြစ် ဟောင်ကောင်၏အမြော်အမြင်ကို ကျောခိုင်းခြင်းဖြစ်သည်ဟု ဖော်ပြပါသည်။
ဥရောပသမဂ္ဂအနေနှင့် သတင်းထုတ်ပြန်မှု လွတ်လပ်ခွင့်ကို အကြာင်းပြုပြီး ဟောင်ကောင်ရေးရာ နှင့် တရုတ်ပြည်တွင်းရေးရာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူကို ပြင်းထန်စွာဖောက်ဖျက်ခြင်း ဖြစ်ကြောင်း၊ တရုတ်သည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ဖြစ်ပြီး ပြတ်သားစွာ ကန့်ကွက်သည်ဟု ဖော်ပြကြောင်း ထိုနေ့တွင်ပင် ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက ပြန်လည် ပြောကြားခဲ့ပါသည်။