ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်း အပြည့်အ၀ ပြီးစီး

2021-06-24 19:08:04 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် အသေးစိတ် စီစဥ်ကာ တိကျမှန်ကန်စွာ စီမံပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဥ်ကို ဘက်ပေါင်းစုံမှ မြှင့်တင်ဖော်ဆောင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် ကာကွယ်ဆေး၏ ဒုတိယမြောက်ဆေးထိုးနှံရေးတာဝန်ကို ဘက်ပေါင်းစုံမှ အပြည့်အဝ ပြီးစီးအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။

ယူနန်ပြည်နယ် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဦးစီးအဖွဲ့ ညွှန်ကြားရေးဌာန၏ ကာကွယ်ဆေးထိုးနှံခြင်း နေ့စဥ်စာရင်းအင်းအရ တယ်ဟုန်ပြည်နယ်ခွဲသည် ၁၄ ရက် ကြိုတင်၍ ဒုတိယမြောက်ကာကွယ်ဆေးထိုးနှံခြင်း ပြီးစီးခဲ့ပြီဖြစ်ပါသည်။ လက်ရှိအချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲတစ်ခုလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးထိုးနှံရေးနေရာ ၁၁၀ ခု၊ ထိုးနှံရေးဌာန ၆၄၅ ခု၊ ထိုးနှံပြီးသည့်လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း၊ ထို့အတူ ကာကွယ်ဆေးပို့ဆောင်ရေးယာဥ် ၆ စီး၊ အအေးခန်းသိုလှောင်ရုံ ၁၁ ခန်း၊ ရေခဲသေတ္တာ ၅၃၇ လုံး အစရှိသည်တို့အား ထိုးနှံမှုလိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ခဲ့သည်။ ဇွန်လ ၂၂ ရက်နေ့ထိ တယ်ဟုန်ပြည်နယ်ခွဲတွင် စုစုပေါင်း ကာကွယ်ဆေး ၁,၆၇၁,၀၀၆ လုံးထိုးနှံခဲ့ကြောင်း သိရပါသည်။