အံ့မခန်းဖြစ်သည့် Heliostat (၁၄၅၀၀)ခုဖြင့် လျှပ်စစ်ထုတ်လုပ်

2021-06-25 17:42:06 |သတင်းအရင်းအမြစ် 新华网

ဇွန်လလယ်က ရှင်းကျန်းဒေသဟားမိရီဝူခရိုင် နောင်မောင်မြို့နယ်ရှိ ရှင်းကျန်း၏ ပထမဆုံးသော Concentrating Solar Power လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ Heliostat (၁၄၅၀၀)ခုတပ်ဆင်ပြီးစီးပြီး တည်ငြိမ်လျှပ်စစ်ထုတ်လုပ်မှု ကာလသို့ ရောက်ရှိလာပါသည်။

ဤစီမံကိန်းသည် နှစ်စဉ်လျှပ်စစ်ဓာတ်အားယူနစ်(၁၉၈)သန်းရရှိနိုင်မည်ဖြစ်သည်။ တစ်နှစ်လျှင် ပုံမှန် ကျောက်မီးသွေးတန်ချိန်(၆.၁၉)သောင်း သက်သာနိုင်မည်ဖြစ်သည်။ ထို့အတူ ဆာလဖာဒိုင်အောက်ဆိုဒ် (၆၁.၈၉)တန်ခန့်၊ နိုက်ထရိုဂျင်အောက်ဆိုဒ် (၆၁.၈၉)တန်ခန့်၊ မီးခိုးနှင့်ဖုန်မှုန့်(၁၉.၈၄)တန်ခန့်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်(၁.၅၄၈)သိန်း ထုတ်လွှတ်မှုလျော့ချရေးနှင့်ညီမျှပါသည်။