ရဲခွေး“ကျူဖုန်း”သည် မူးယစ်ဆေးဝါးအမှုတစ်ခုကို စစ်ဆေးရာတွင် အထောက်အကူပြု

2021-06-25 17:45:36 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားအပူပိုင်းစိုစွတ်သစ်တောအတွင်းရှိ တာခိုင်ဟောနယ်စပ်စစ်ဆေးဂိတ်တွင် မူးယစ်ဆေးဝါး ရှာဖွေသည့် ရဲခွေး “ကျူဖုန်း”ရှိပါသည်။ ၂၀၂၁ ခုနှစ် ဇွန်လ(၂၀)ရက်နေ့တွင် “ကျူဖုန်း”သည် မူးယစ်ဆေးဝါးအမှုတစ်ခုကို စစ်ဆေးရာတွင် အထောက်အကူပြုခဲ့ပြီး စုစုပေါင်းမူးယစ်ဆေးဝါး ဘိန်း(၅၆.၃၅)ကီလိုဂရမ် စစ်ဆေးတွေ့ရှိခဲ့ပါသည်။

“ကျူဖုန်း”သည် အသက်တစ်နှစ်ပြည့်ခါစကတည်းက မူးယစ်ဆေးဝါးရှာဖွေရေးရဲခွေးအဖြစ် အနံ့ခံခြင်း အထူး လေ့ကျင့်မှုကို အမြဲပြုလုပ်ခဲ့သည်။ အုတ်တိုင်အောက်၊ ကျောက်ခဲများကြားတွင် မူးယစ်ဆေးဝါးထုတ်ပိုးထားသည့် အထုပ်၏အနံ့ကို ရှာဖွေလေ့ကျင့်လေ့ရှိပါသည်။ ရပ်ပြီး၊ လဲလျောင်းပြီး၊ ထပ်ထပ်ခါခါရှုပြီး ဝှက်ထားသည့်နေရာကို လိုက်လံရှာဖွေရပါသည်။

အစပိုင်းတွင် “‘ကျူဖုန်း’က အကင်းပါးပြီး ကြောက်တတ်သော်လည်း လေ့ကျင့်ပြီးနောက်ပိုင်းတွင် သတ္တိနှင့် စွမ်းရည် ထွက်ပေါ်လာခဲ့သည်။ ဇွန်လ(၂၀)ရက်နေ့နံနက်ပိုင်းတွင် တာခိုင်ဟောနယ်စပ်စစ်ဆေးဂိတ်ရဲတပ်ဖွဲ့သည် တောတောင်အတွင်းသို့ မူးယစ်ဆေးဝါးများ လိုက်လံရှာဖွေစစ်ဆေးခဲ့သည်။ “ကျူဖုန်း”၏ လမ်းညွှန်မှုဖြင့် ရဲတပ်ဖွဲ့သည် မြက်ပင်များအကြား စွန့်ပစ်ထားသော အစိမ်းရောင်ဆာလာအိတ်(၂)ခုကို တွေ့ရှိခဲ့သည်။ အိတ်အတွင်း အနက်ရောင်ပလပ်စတစ်အိတ်ဖြင့် ပတ်ထားသော သံသယဖြစ်ဖွယ် အနက်ရောင်ဂျပ်ပုံး မူးယစ်ဆေးဝါး(၁၃)ခု စုစုပေါင်း(၅၆.၃၅)ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။”

ထို့အတွက် ကျူဖုန်းလည်း ဆုချခံရသည်။ ခွေးစာကို အဝစားလိုက်ရသည်။ မြန်မာနိုင်ငံမှာ ရဲခွေးများကို မည်သို့ လေ့ကျင့်ကြပါသလဲ။ သင့်သိပါက ပြောပြမျှဝေပေးပါဦး။