တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အနုပညာဖျော်ဖြေပွဲကျင်းပ

2021-06-29 17:12:00 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြုအနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့် အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

 

တရုတ်ကွန်မြူနစ်ပါတီ(CPC) တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအနုပညာ ဖျော်ဖြေပွဲကို ပေကျင်းမြို့တော်၌ တနင်္လာနေ့ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အမျိုးသားအားကစား ရုံတွင် ကျင်းပသည့် ယင်းအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့် တက်ရောက်၍ “ မဟာခရီးရှည်”ယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲကို အားပေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြုအနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

ဒေသစံတော်ချိန် ည ၇ နာရီ ၅၇ မိနစ်တွင် ရှီ နှင့်အတူ အခြားသော တရုတ်နိုင်ငံခေါင်းဆောင်များသည် လျှောက်လမ်းမှတစ်ဆင့် ဧည့်သည်တော်ထိုင်ခုံနေရာသို့ ဝင်ရောက်လာခဲ့ရာ တက်ရောက်လာသော ဧည့်ပရိသတ်များက လက်ခုပ်တီး၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့ပြင် အားကစားရုံပြင်ပတွင်လည်း ကောင်းကင်ယံသို့ မီးရှူးမီးပန်းများ ပစ်လွှတ်၍ နှစ် ၁၀၀ ပြည့် ဆိုသည့်စကားလုံးကို သရုပ်ဖော်ခဲ့ကြပြီး အနုပညာတင်ဆက်မှု အခမ်းအနား လိုက်ကာကိုလည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ နှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့် အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

အဆိုပါ အနုပညာဖျော်ဖြေပွဲကို အပိုင်း ၄ ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်မှုအောက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကာလအတွင်း တရုတ်နိုင်ငံသားများမည်ကဲ့သို့ တော်လှန်ရေးဆင်နွှဲခဲ့ကြပုံ ၊ တည်ဆောက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့ပုံများကို ထည့်သွင်းတင်ဆက်ထားသည်။

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားကွန်ဂရက် အစပြုချိန်ကတည်းက ရဲဘော်ရှီကျင့်ဖိန်နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် ဆိုရှယ်လစ်စနစ်နှင့်အတူ တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာဖြင့် ခေတ်သစ်တစ်ခုဆီသို့ ဝင်ရောက် သွားခဲ့ပြီး တရုတ်နိုင်ငံသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးတစ်ခုကို အပြည့်အဝတည်ဆောက်ရန် ခရီးသစ်တစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲပြီးဆုံးသွားပြီးနောက်တွင် အခမ်းအနား တက်ရောက်လာသူအားလုံးက “ တရုတ် ကွန်မြူနစ်ပါတီမရှိဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်လာမည်မဟုတ်” ဟူသော တေးသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ပေကျင်းမြို့တွင် ရောက်ရှိနေကြသည့် အရေးကြီးသောနိုင်ငံရပ်ခြားမှ မိတ်ဆွေသင်္ဂဟများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်များ နှင့် ကိုယ်စားလှယ်တော်ကြီးများ နှင့် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များကလည်း ယင်းအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ (Xinhua)