တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွင် ကြီးကျယ်ခမ်းနားသော အခန်းကဏ္ဍတစ်ရပ် ရေးသားလျက်ရှိကြောင်းနှင့် လွန်ခဲ့သည့် ရာစုနှစ်အတွင်း လူသားမျိုးနွယ်၏ တိုးတက်မှုလည်း ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သော ထူးချွန်ပြောင်မြောက်သော ပါတီဝင်များအား July 1 ဆုတံဆိပ် (July 1 Medal) ပေးအပ်ချီးမြှင့်သည့် အခမ်းအနား၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်မျိုးဆက်များသည် နိုင်ငံလွတ်လပ်ရေးနှင့် လွတ်မြောက်ရေးအတွက်၊ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် ခွန်အားအတွက်နှင့် ပြည်သူများ၏ ပျော်ရွှင်ချမ်းမြေ့မှုများအတွက် ဇွဲနပဲကြီးစွာဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)