
2021-07-01 18:41:24 |သတင်းအရင်းအမြစ် 新华网

တရုတ်ပြည်သူများထံမှ တရုတ်ကွန်မြူနစ်ပါတီ(CPC) အား ခွဲထုတ်ရန် မည်သည့်ကြိုးပမ်းမှုမျိုး မဆို “အရှုံးဖြစ်သာ အဆုံးသတ်မည်” ဟု CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်နေ သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်ပြည်သူများထံမှ ပါတီအား ခွဲထုတ်ရန် သို့မဟုတ် ပါတီကိုဆန့်ကျင်ရေးအတွက် ပြည်သူများအား မီးထိုးရန် မည်သည့် ကြိုးပမ်းမှုမျိုးမဆို အရှုံးဖြစ်သာ အဆုံးသတ်သွားရမည်ဟု ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌ နှင့် သမ္မတလည်းဖြစ်သူ ရှီက တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီဝင်ပေါင်း ၉၅ သန်းကျော်ရှိပါတယ် ။ အဲလိုတွေးဆနေတဲ့ (တရုတ်ပြည်သူများထံမှ ပါတီအား ခွဲထုတ်ရန် သို့မဟုတ် ပါတီကိုဆန့်ကျင်ရေးအတွက် ပြည်သူများအား မီးထိုးရန်) အနာဂတ် အခင်းအကျင်းပုံစံမျိုးဖြစ်လာဖို့ တရုတ်ပြည်သူ ၁.၄ ဘီလီယံကျော်က လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး ” ဟု ရှီက ဆိုသည်။(Xinhua)