ရှီက တရုတ်တပ်မတော်အား ကမ္ဘာ့အဆင့်မီစံနှုန်းများဖြင့် မြှင့်တင်သွားရေး ပြောကြား

2021-07-01 18:46:15 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအခမ်းအနားတွင် ပါဝင် ချီတက်သည့် ရဟတ်ယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ကမ္ဘာ့အဆင့်မီ စံနှုန်းရောက်ရှိရန် မြှင့်တင်ရမည် ဖြစ်ပြီး ၊ သို့မှသာ မိမိနိုင်ငံတော် အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ပိုမိုထူးကဲသော စွမ်းဆောင်ရည် နှင့် ပိုမိုယုံကြည်အားထားရခြင်းနှင့်အတူ ကျွန်ုပ်တို့ မဖြစ်မနေ လိုအပ်သော အဓိပ္ပါယ် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတော်ကာကွယ်ရေးနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီစေရေးကို အရှိန်မြှင့်ဆောင်ရွက်ရမယ်”ဟု တရုတ်နိုင်ငံ သမ္မတ နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ပေကျင်းမြို့၌ ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားခဲ့သည်။


ပြည်သူ့တပ်မတော်သည် ဆိုရှယ်လစ်နိုင်ငံအား ကာကွယ်စောင့်ရှောက်ရေး နှင့် အမျိုးသားဂုဏ်သိက္ခာအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အားကောင်းသောမဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း နှင့် ဒေသတွင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ရန် အင်အားကြီးမားသော တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)