အနာဂတ်ကို လူငယ်များက ပိုင်ဆိုင်ပြီး မျှော်လင့်ချက်များကိုလည်း လူငယ်လူရွယ်များထံတွင် ထားရှိကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အတွင်းရေးမှူးရှီကျင့်ဖိန်က ယနေ့ ကြာသပတေးနေ့၌ ပြောကြားခဲ့သည်။
နှစ်ပေါင်း(၁၀၀)ကာလအတွင်း လူငယ်မျိုးဆက်သစ်တိုင်းက တရုတ်နိုင်ငံအမျိုးသားမဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစ်စိုက် ရှေ့တန်းမှ ပါဝင်ခဲ့ကြောင်း ရှီက ဆိုသည်။ ခေတ်သစ် လူငယ်လူရွယ်များအနေဖြင့် တရုတ်နိုင်ငံအမျိုးသားမဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတာဝန်ဖြစ်ကာ တရုတ်လူမျိုးတို့၏ရည်မှန်းချက်ယုံကြည်ချက်များဖြင့် ခေတ်အခါ၊ ပါတီနှင့် ပြည်သူလူထု၏ မျှော်လင့်ချက်များအတိုင်း မမှိတ်မသုန် ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
ပုံများ၊ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်တွင် ကျင်းပနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)