တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ၎င်း၏ သွေးသားဗီဇထဲတွင် ရန်လိုသော သို့မဟုတ် ဗိုလ်ကျစိုးမိုးသော အမူအကျင့်များကို သယ်ဆောင်ထားခြင်းမရှိကြောင်း ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
ပါတီအနေဖြင့် လူသားတို့၏ အနာဂတ်ဘဝအတွက်သာ အလေးဂရုပြုပြီး ကမ္ဘာတစ်ဝှမ်းရှိ တိုးတက်သော အင်အားစုများ အားလုံးနှင့်အတူ ဟန်ချက်ညီစွာဖြင့် ရှေ့ဆက်မောင်းနှင် သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံသမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် နှင့် နိုင်ငံတကာအခင်းအကျင်းဟန်ချက်ကို ကာကွယ်စောင့်ထိန်းရန် အမြဲတမ်း လုပ်ဆောင်ခဲ့ကြောင်း ရှီက ဆိုသည်။ (Xinhua)