ဇူလိုင်လ ၄ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ဒေသတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး (တရုတ် နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး) တွေ့ရှိခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ဝင်ရောက်သော အတည်ပြုလူနာ ၃ ဦး၊ အင်ဒိုနီးရှားမှ ဝင်ရောက်သောအတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့ပြီး အင်ဒိုနီးရှားမှ ရောဂါလက္ခဏာမပြသော အတည်ပြုလူနာ ၁ ဦးလည်း တွေ့ရှိခဲ့ပါသည်။ ပြည်ပမှ ဝင်ရောက်သော အတည်ပြုလူနာ အားလုံးသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ဇူလိုင်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ၊ ရွှေလီမြို့မြို့လယ်နေရာနှင့် ဝမ်တိန်ရပ်ကွက်ဝန်းကျင် နေထိုင်သူ အားလုံးအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ဆက်လက် စစ်ဆေးနေကြသည်။