ဇူလိုင်လ ၃ ရက်နေ့တွင် ယူနန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း တတိယအပိုင်း တုံ့ပြန်ခြင်းဗီဒီယိုအစည်းအဝေးကို ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအရ၊ ယူနန်ပြည်နယ် ၏ ပထမနှင့် ဒုတိယအပိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းသည် သတ်မှတ်ထားသည့် ပန်းတိုင်နှင့် အညီ အဆင်ပြေစွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ယခုအချိန်ထိတိုင် ယူနန်ပြည်နယ်တွင် ကိုယ်ခန္ဓာ အခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ့နိုင်သူများတွင် ကာကွယ်ဆေးထိုးနှံနှုန်းသည် ၆၈.၇၈% ရောက်ရှိခဲ့ပါသည်။ နယ်စပ်ဒေသတွင်လည်း ထိုးနှံနိုင်သူများ အားလုံးနီးပါး ထိုးနှံခဲ့ပြီး ဖြစ်ပါသည်။
图:杨峥