COP15 ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲများ မီဒီယာလေ့လာရေး ခရီးစဉ်ကို တယ်ဟုန်ပြည်နယ်ခွဲတွင် စတင်ခဲ့

2021-07-05 17:40:47 |သတင်းအရင်းအမြစ် 云南网

ဇူလိုင်လ ၃ ရက်နေ့က COP15 “ယူနန်အနောက်ပိုင်း၏ လျှို့ဝှက်နယ်မြေတွင် ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲများ မီဒီယာလေ့လာရေးခရီးစဉ်”ကို ယူနန်တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် စတင်ခဲ့ကြောင်း သိရပါသည်။

ယခုအကြိမ် မီဒီယာလေ့လာရေးခရီးစဉ်သည် ဇူလိုင်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြစ်ပါသည်။ ၎င်းကာလအတွင်း တရုတ်နိုင်ငံ နေရာအသီးသီးမှ သတင်းစာဆရာများသည် တယ်ဟုန်ပြည်နယ်ခွဲရှိ ထုံးဖီကွမ်သဘာဝဘေးမဲ့တော၊ မန်စီ Phayre’s langur လေ့လာကြည့်ရှုရာနေရာ၊ wasp မွေးမြူရေးအခြေစိုက်စခန်း၊ တာ့ရင်ကျန်နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဥ်၊ ရှိထီကျေးရွာ စသည့်ဒေသတို့တွင် သွားရောက်လေ့လာကာ အင်တာဗျူးပြုလုပ်ကြမည်ဖြစ်ပြီး ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲများ၏ ကမ္ဘာ့အရင်းအမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးတွင် ယူနန်ပြည်နယ်၏ တီထွင်ဆန်းသစ်မှုကို အလေးထား အာရုံစိုက်မည်ဖြစ်ပါသည်။